Saturday, October 29, 2016

မိဗေဒါတို့သံသရာ - အချိုးတွဲ ( ၁၆ )


ချောင်းဖျားမှာ ဝေဝေဆာ ၊
ဗေဒါအုပ်ဒီပန်း ။
အချိန်တန် ရေအကျမှာ ၊

ချောင်းဝကိုမြန်း ။

ရေစီးမှာ ငြိမ်မနေနိုင် ။
ချောင်းလယ်မှာ အဖေါ်ကွဲကာ ၊
ခွဲထွက်လို့ယိုင် ။
လှိုင်းလေနဲ့ ထိပ်တိုက်ဆိုင် ၊
ပန်းခိုင်ကရမ်း ။
ပွင့်ဖတ်ကြွေ မြင်မကောင်းပေါ့ ၊

ခေါင်းစိုက်လို့နွမ်း ။

ချောင်းဝရောက်စုပုံတယ်(တည်) ။
ရေငြိမ်လို့ ဝဲမှာရစ်တော့ ၊ 
မြစ်ထဲမှာလယ်(လည်) ။
ဗေဒါအုပ် အိနြေ္ဒဆယ်(ဆည်) ၊
ခရီးသည်တွေမို့လား ။

နေ့ဓူဝ ထုံးစံမပျက်ပေါ့ ၊
ရေတက်စောင့်စား ။

ဒီရေလည်း ပြန်တက်တစ်ခါ ။
မိဗေဒါ ဖေါ်အပေါင်းတို့ ၊

ချောင်းထဲဝင်လာ ။
ချောင်းထိပ်မှာ အားသစ်လောင်းတာ ၊
ဗေဒါတို့စခန်း ။
ပွင့်သစ်တွေ ဝေဆာလန်းပြန်ပေါ့ ၊
ပန်းဗေဒါနန်း ။


ချောင်းဖျားမှာ ဝေဝေဆာ ၊
ဗေဒါအုပ်ဒီပန်း ။
နောက်တစ်ချီ ရေအကျမှာ ၊
ချောင်းဝကိုမြန်း ။

အောင်နိုင်သူ ( 30 / 10 / 2016 )

No comments:

Post a Comment