Friday, October 7, 2016

ပေါင်းရစေသား - အချိုးကဗျာ ( ၄၁ )


မြတ်ဘုရားကိုတဲ့လှူစရာ ။

မြကန်သာ ရဝေနန်းဆီက ၊
ပန်းချိုးလို့လာ ။

အလှထူး တင့်တယ်အဆင်းရယ်နဲ့ ၊
ရနံ့သင်းပါဘိ ပန်းပဒုမ္မာ ၊
လန်းဖြာခန့်ငြား ။

ပန်းရွှေကြာ ဘုရားမှာကပ်ပါလို့ ၊
အထပ်ထပ်သာ တောင်းဆုပန်ယူ ၊
ချစ်ဦးသူ နွဲ့နှောင်းရယ်နဲ့ ၊

ပေါင်းရစေသား ။

အောင်နိုင်သူ ( 7 / 10 / 2016 )

No comments:

Post a Comment