Sunday, October 2, 2016

ဝလုံးကဗျာ - ကလေးကဗျာ ( ၅ )


ဝလုံးတို့ရေ ဆရာမရေးတာ ၊
ဝလုံးလေးတွေ ကြည့်ကြပါ ။
ဝလုံးစန္ဒာ လ လိုဝိုင်းအောင် ၊
ဝလုံးတိုင်းကို ရေးရတာ ။

ဝလုံးလေးတွေ ရေးသာရေးပါ ၊
ဝလုံးငေးကာ မငိုက်နဲ့ကွာ ။
ဝလုံးတစ်ရာ ရေးပြီးတဲ့ခါ ၊
ဝလုံးကဗျာကို ဆိုရမှာ ၊
ဝလုံးကဗျာ.....ဝလုံးကဗျာ ။

ကလေးများကိုချစ်စနိုးဖြင့် ( ဝလုံးကလေး )များ

နှင့်တင်စားထားပါသည် ။

အောင်နိုင်သူ ( 3 / 10 / 2016 )

No comments:

Post a Comment