Friday, October 14, 2016

ပျိုတို့ရွာသာစခန်း - နွယ်သာကီသံပြတ် ( ၂ )


မှောင်ရီ ရောင်ခြည် ပျို့ကာသန်းရင် ၊
တို့ရွာစခန်းက သာလှတယ်ရှင့် ။

ညံစည် ပျံသည် ထက်ယံဖျားမှ ၊
ငှက်သံများက သာလှတယ်လေ ။

ဝါဝါ ပြာပြာ ပန်းစုံပွင့်တော့ ၊
လျှမ်းထုံတင့်ပေါ့ သာလှတယ်ရှင့် ။

နေခြည်ဆမ်းလို့ သဘာဝတခွင် ၊
ရွှေရည်လွှမ်းသို့ သာလှသရှင် ။

ရွာအဝင်လမ်း ယာခွင်တဝှမ်းနဲ့ ၊
ကြာပြင်လွှမ်းလို့ သာလှတယ် ၊
လာချင်လှမ်းလို့ လာပါ့ကွယ် ။

ကောက်နှံတွေက စိမ်းမြတုန်းမယ် ၊
မြောက်ပြန်လေခ ယိမ်းကမဆုံးတယ် ။

သွယ်ဆင်းသွားတဲ့ ခင်တန်းခြုံနွယ် ၊
လယ်ကွင်းများနဲ့ ပင်ထန်းစုံတယ် ။

တောင်တန်းတွေလည်း မို့မို့ဆိုင်းတော့ ၊
မြောင်ဝှမ်းရှည်ထဲ ညို့ညို့မှိုင်းပေါ့ ။

ချောင်းရေပေါ်မှာ ငါးရှာကြလျင် ၊ 
လောင်းလှေလှော်ကာ သွားလာရသရှင် ။

ချောမေမကိုဋ်တွေ အပျင်းမဖက်ဘူးကွယ် ၊
တောခြေတဝိုက်မလေ ဟင်းရွက်ခူးတယ် ။

တောဓလေ့မို့ ၊
မနောခွေ့လို့ စိတ်ရွှင်လန်းမှာ ၊
ဖိတ်ချင်စမ်းပါ့ သူငယ်ချင်းရေ ၊
လယ်ကွင်းတွေမှာ မြရောင်လွှမ်းတော့ ၊
ခဏတောင်လွမ်းစရာ မရှိဘူးကွယ် ၊
အသိထူးနဲ့ တွေးကာငေးလို့ ၊

တေးကဗျာရေးရင် ရသေးတယ် ၊
အလှသွေးကြွယ် နဂိုချောသည့် ၊
အပျိုပေါတဲ့ တို့ရွာစခန်းကို ၊

မြန်းခဲ့ကြလေး ။

အောင်နိုင်သူ ( 14 / 10 / 2016 )

No comments:

Post a Comment