Tuesday, October 11, 2016

မင်္ဂလာပွဲ - အချိုးတွဲ ( ၁၂ )


သုံးနှစ်တာ သုံးမိုးရယ်တဲ့ ၊
တိုးလို့သာ ချစ်ကြိုးသွယ် ။
မလိမ်ညာ အမှန်ပြောလျင်ဖြင့် ၊
သံယောဇဉ်တွယ် ။
မုန်းဖို့တော့ လုံးလုံးမလွယ် ၊

မောင်နှင့်မယ်သစ္စာထား ။
နေ့တိုင်းသာ ဆုမွန်တောင်းတယ်
ပေါင်းရစေသား ။

ခုများဖြင့် မိုးလေလွတ်လို့ ၊
ဝါကျွတ်ပြီလေး ။
ချစ်တဲ့သူ ပျိုကညာယဉ်ကို ၊
မင်္ဂလာယှဉ် အချိန်ကောင်းမှာ ၊

တောင်းမယ်လို့တွေး ။

မောင့်ချစ်သူ မြလေးရယ် ၊
အလှသွေးကကြွယ် ။
ချစ်ရက်ကယ် ရှည်ကြာညောင်းလို့ ၊

ပေါင်းဖို့ကြံရွယ် ။
မိဘစုံ ဆွေမျိုးတွေအလယ် ၊
တင့်တယ်တဲ့မင်္ဂလာပွဲ ။
တူမောင်မယ် ကြည်နူးမဆုံးပေါ့ ၊
ပြုံးပျော်လို့နွှဲ ။

အောင်နိုင်သူ ( 11 / 10 / 2016 )

No comments:

Post a Comment