Friday, October 14, 2016

မိုးနှောင်းဟေမန် - ကလေးကဗျာ ( ၈ )


ပျံလွှားလေးတွေ ဝေဟင်ထဲမှာ ၊
ဟိုသည်ဝဲကာ မြူးလို့နေ ။
ငွေဂျိုးဖြူရယ် တကူကူချွဲ ၊
အဖေါ်ကွဲကာ လွမ်းသလားလေ ။

မိုးစက်ဝသန်ရေ ဘယ်မှာလည်းကွယ် ၊
တိမ်မှောင်မဲတွေ မတွေ့တော့ပေ ။
နှင်းမှုန်ငွေရည် အာကာထဲမှာ ၊
ဘယ်သူကြဲကာ ဖြန်းပက်နေ ။
မြူနှင်းဝေ.....မြူနှင်းဝေ ။
.
အောင်နိုင်သူ ( 15 / 10 / 2016 )

No comments:

Post a Comment