Friday, October 28, 2016

ဖေါ်မစုံတဲ့နက္ခတ်ပွဲ - အချိုးတွဲ ( ၁၅ )


ဆောင်းဝင်စ တန်ဆောင်မုန်းဝယ် ၊
မောင်ဖုန်းကပေါ်မလာ ။
မယ့်တစ်ကိုယ်ရည် ချမ်းအေးလှပေါ့ ၊

ဖေးကူလှည့်ပါ ။
မြောက်လေပြေ တိုးဝှေ့အသာယာ ၊
ခြုံလွှာနှင့်ထွေးပါရ ။
အပြင်ကချမ်း အသည်းမှာပူလို့ ၊
ချစ်သူကို မြင်ချင်စမ်းတယ် ၊
တမ်းတသသ ။

မိုးဝဠာ အနောက်ရပ်က ၊
ညဦးရဲ့ကြယ် ။

တောက်ပတဲ့ စိန်အဆင်းလို ၊
လင်းထိန်လှတယ် ။
မယ့်အတွေးက ဟိုသည်ကြွယ် ၊
ဘယ်ဝယ်ဆီလွမ်းပါရ ။
စန်းသော်တာ ထွက်မလာတော့ ၊

ရောက်ရာရာ ယောင်ရမ်းငေးလို့ ၊
ဆွေးပူသောက ။

အာကာကို ငေးမျှော်ရင်းပဲ ၊
လမင်းကထွက်ပေါ်လာ ။

ရောင်စဉ်တွေ တဖျတ်ဖျတ်နဲ့ ၊
နက္ခတ်တာရာ ။
လမင်းရယ် ကြယ်တစ်ဖြာ ၊
မဟာသဘင်ဆင်နွှဲ ။

ဖေါ်မစုံ ဟေမန်ဆောင်းမှာဖြင့် ၊
ကံမကောင်းသူ အထီးကျန်လွမ်းပေါ့ ၊
ကျွမ်းနစ်ကျေကွဲ ။

အောင်နိုင်သူ ( 28 / 10 / 2016 )

No comments:

Post a Comment