Saturday, November 12, 2016
အနှိုင်းမဲ့မေတ္တာ - အချိုးကဗျာ ( ၅၆ )
ယှဉ်ပြိုင်ကာ နှိုင်းစရာမရှိတဲ့ ၊
မိဘရဲ့မေတ္တာမဟာ ၊
ကိုးဆယ်ဆသာ ။
ကျောက်စက်ရေ အေးသည့်ပမာ ၊
သီတာလိုစွမ်းရည်ထူး ။
အတိုင်းဆမဲ့ လွှမ်းခြုံပျံ့သမို့ ၊
ပန်းရနံ့လို ထုံကြိုင်သင်းတယ် ၊
မြင်းမိုရ်ထက်ကြူး ။
အောင်နိုင်သူ ( 9 / 11 / 2016 )
မိမာယာ ( မာယာနန္ဒီ ) - ရကန် ( ၁ )
အိုဘယ့်တဏှာ ၊ မိမာယာ၏ ၊
ဇာတ်အလာကားဤသို့တည်း…
မတုရာသူ ၊ မာယာနန္ဒီ ၊
တေးသီသမ ၊ လှပတင့်တယ်စွမို့ ။
ပုရိသ - ရွယ်သုံးပါး …
သူ့အလှတော ၊တမောမောလျင် ၊
ချစ်ဇောရတက်ဗျာပွေ ။
မိမာယာ - ကြံသည်ကား…
နန်းတွင်းသိုဝင် ၊ ကျော်ကြားချင်၍ ၊
ပြင်ဆင်ခါခွင့်မျှော်၏ ။
တစ်ခါသော် - နန်းတွင်းက …
စောင်းဆရာကို ၊ လိမ်ညာလှည့်စား ၊
သနားအောင်ခယခဲ့ ။
ဝိသာလ - စောင်းဆရာ …
မိမာယာအပေါ် ၊ စွဲမက်ပျော်ကာ ၊
နန်းတော်သို့ခေါ်ဆောင်သွား ။
ရောင်သွေးပြောင် - မိမာယာ …
နန်းမြင့်ဘုံထက် ၊ တေးဆိုလျက်နှင့် ၊
မာန်တက်လို့ဟန်ပျက်လာ ။
စောင်းဆရာ - သူ့လမ်းမှာ …
ပိတ်ဆို့နေသည် ၊ မြင်မကြည်၍ ၊
ဖယ်မည်ဟုအမုန်းထား၏ ။
ကြံသမား - မိန်းမယုတ် …
ဆိတ်ကွယ်ရာမှာ ၊ စောင်းဆရာကို ၊
မာယာနှင့်ပြုစားသော် ။
တစ်ဖက်သားလူ ၊ ချစ်ကြည်ဖြူပြီ ၊
တွေးယူမှန်းဆ ၊ ဝိသာလလည်း ၊
ရွှင်ပြတိုးဝင် ၊ နှီးနှောလျင်ပင် ၊
အော်ငင်တိုင်ကြား ၊ စောင်းသမားမှာ ၊
သူ့အားနိုင်ကျင့် ၊ ဖျက်ဆီးလင့်သည် ၊
ဒါဏ်သင့်တော်ရာ ၊ ပေးအပ်ပါဟု ၊
ရာဇာမင်းထံ ၊ သနားခံသော် ၊
တွေးကြံမမြင် ၊ မဆင်ချင်ပဲ ၊
ဘုရင်မင်းမြတ် ၊ မိန့်တော်မှတ်၍ ၊
လက်ဖြတ်မြိုင်ခြေ ၊ နှင်ထုတ်လေရာ ၊
နန်းမှခွါရ ၊ ဝိသာလအဖြစ်ဆိုး ။
စိတ်ထားညစ် - မိမာယာ …
နန်းရဝေတွင် ၊ ကြည်နူးရွှင်ကာ ၊
လွန်ပင်ပျော်ပါးကာနေ ။
သင်္ခါရ - အနိစ္စ …
မမြဲတရား ၊ အလိုက်မှားသူ ၊
သိအားလည်းမရှိနိုင်ရှာ ။
မိုးဆောင်းနွေ - ဆယ်လီပြောင်း …
ရုပ်ရည်မလန်း ၊ မြင်မဆန်း၍ ၊
ရွှေနန်းနှင့်မထိုက်ပြီ ။
ဇရာဆိုက် - အသံပျက်သော် …
သူ၏နေရာ ၊ စားထိုးခါလျင် ၊
မာယာကိုမြိုင်တောနှင် ။
အမောနှင့် - တလည်လည် …
စားဘွယ်မရ ၊ ဝမ်းမဝနှင့် ၊
ဒုက္ခသင့်ဗျာပါကြွယ် ။
ဂနိုင်မှာ - ရှာတွေ့သည့်  …
ရှု၍မငြီး ၊ ဆိပ်သစ်သီးကို ၊
စားပြီးသောမိမာယာ ။
ဖေါ်သဟာ - ကယ်သူကင်း …
ရမက်တဏှာ ၊ နောက်သို့ပါသော ၊
မာယာကားသေပွဲဝင် ။
ကျေးဇူးရှင် - ပြစ်မှားသူ …
အိုဘယ့်တဏှာ ၊ မိမာယာငယ် ၊
ဝိဇ္ဇာမဲ့ကင်း ၊ လောဘပြင်း၍ ၊
သေခြင်းမလှ ၊ သူ့ဘဝလည်း ၊
ချုပ်ရနိဂုံးဆိုးသတည်း ။
မတုရာသူ = မတုရာပြည်သူ ။
တေးသီသမ = အဆိုသည်မ ( အဆိုတော် ) ။
( ဆရာတော် - ဦးဗုဓ် ၏ရေးဟန်ဖြစ်ပါသည် )
အောင်နိုင်သူ ( 12 / 11 / 2016 )
ဆိတ်ကွယ်ရာမှာ ၊ စောင်းဆရာကို ၊
မာယာနှင့်ပြုစားသော် ။
တစ်ဖက်သားလူ ၊ ချစ်ကြည်ဖြူပြီ ၊
တွေးယူမှန်းဆ ၊ ဝိသာလလည်း ၊
ရွှင်ပြတိုးဝင် ၊ နှီးနှောလျင်ပင် ၊
အော်ငင်တိုင်ကြား ၊ စောင်းသမားမှာ ၊
သူ့အားနိုင်ကျင့် ၊ ဖျက်ဆီးလင့်သည် ၊
ဒါဏ်သင့်တော်ရာ ၊ ပေးအပ်ပါဟု ၊
ရာဇာမင်းထံ ၊ သနားခံသော် ၊
တွေးကြံမမြင် ၊ မဆင်ချင်ပဲ ၊
ဘုရင်မင်းမြတ် ၊ မိန့်တော်မှတ်၍ ၊
လက်ဖြတ်မြိုင်ခြေ ၊ နှင်ထုတ်လေရာ ၊
နန်းမှခွါရ ၊ ဝိသာလအဖြစ်ဆိုး ။
စိတ်ထားညစ် - မိမာယာ …
နန်းရဝေတွင် ၊ ကြည်နူးရွှင်ကာ ၊
လွန်ပင်ပျော်ပါးကာနေ ။
သင်္ခါရ - အနိစ္စ …
မမြဲတရား ၊ အလိုက်မှားသူ ၊
သိအားလည်းမရှိနိုင်ရှာ ။
မိုးဆောင်းနွေ - ဆယ်လီပြောင်း …
ရုပ်ရည်မလန်း ၊ မြင်မဆန်း၍ ၊
ရွှေနန်းနှင့်မထိုက်ပြီ ။
ဇရာဆိုက် - အသံပျက်သော် …
သူ၏နေရာ ၊ စားထိုးခါလျင် ၊
မာယာကိုမြိုင်တောနှင် ။
အမောနှင့် - တလည်လည် …
စားဘွယ်မရ ၊ ဝမ်းမဝနှင့် ၊
ဒုက္ခသင့်ဗျာပါကြွယ် ။
ဂနိုင်မှာ - ရှာတွေ့သည့်  …
ရှု၍မငြီး ၊ ဆိပ်သစ်သီးကို ၊
စားပြီးသောမိမာယာ ။
ဖေါ်သဟာ - ကယ်သူကင်း …
ရမက်တဏှာ ၊ နောက်သို့ပါသော ၊
မာယာကားသေပွဲဝင် ။
ကျေးဇူးရှင် - ပြစ်မှားသူ …
အိုဘယ့်တဏှာ ၊ မိမာယာငယ် ၊
ဝိဇ္ဇာမဲ့ကင်း ၊ လောဘပြင်း၍ ၊
သေခြင်းမလှ ၊ သူ့ဘဝလည်း ၊
ချုပ်ရနိဂုံးဆိုးသတည်း ။
မတုရာသူ = မတုရာပြည်သူ ။
တေးသီသမ = အဆိုသည်မ ( အဆိုတော် ) ။
( ဆရာတော် - ဦးဗုဓ် ၏ရေးဟန်ဖြစ်ပါသည် )
အောင်နိုင်သူ ( 12 / 11 / 2016 )
Wednesday, November 9, 2016
စိတ်ရောင်စုံ - လင်္ကာကဗျာ ( ၁၂ )
စိတ်ဓါတ်ထွေပြား ၊ စိတ်များစိတ်တွေ ၊
စိတ်လေစိတ်မော ၊ စိတ်စောစိတ်ဆောင် ၊
စိတ်ကြောင်စိတ်အေး ၊ စိတ်လေးစိတ်နာ ၊
စိတ်မာစိတ်ချ ၊ စိတ်ကျစိတ်ပူ ၊
စိတ်ဆူစိတ်ထက် ၊ စိတ်ပျက်စိတ်ပြေ ၊
စိတ်စေစိတ်ကောင်း ၊ စိတ်ထောင်းစိတ်ကုန် ၊
စိတ်ဟုန်စိတ်ရှင်း ၊ စိတ်တင်းစိတ်လို ၊
စိတ်တိုစိတ်လော ၊ စိတ်ဇောစိတ်တူ ၊
စိတ်ဖြူစိတ်ပုတ် ၊ စိတ်ယုတ်စိတ်ခိုင် ၊
စိတ်ယိုင်စိတ်နောက် ၊ စိတ်ပေါက်စိတ်ပြောင်း ၊
စိတ်ပေါင်းစုံစွာစိတ်သာတည်း ။
( ယန္တယား စကြာ - ရေးဖွဲ့နည်းဖြစ်ပါသည် )
အောင်နိုင်သူ ( 8 / 11 / 2016 )
အနှိုင်းမဲ့မိဘမေတ္တာ - အချိုးကဗျာ ( ၅၅ )
ယှဉ်ပြိုင်ကာ နှိုင်းစရာမရှိတဲ့ ၊
မိဘရဲ့မေတ္တာမဟာ ၊
ကိုးဆယ်ဆသာ ။
ကျောက်စက်ရေ အေးသည့်ပမာ ၊
သီတာလိုစွမ်းရည်ထူး ။
အတိုင်းဆမဲ့ လွှမ်းခြုံပျံ့သမို့ ၊
ပန်းရနံ့လို ထုံကြိုင်သင်းတယ် ၊
မြင်းမိုရ်ထက်ကြူး ။
အောင်နိုင်သူ ( 9 / 11 / 2016 )
Monday, November 7, 2016
မြတ်ဗုဒ္ဓ၏အောင်ခြင်းရှစ်ပါး - အချိုးတွဲ ( ၁၇ )
( အောင်ခြင်း - ပထမ )
ဘုရားရှင်ပေါ် အငြိုးထားသည့် ၊
မာရ်နတ်သား မိုက်စိတ်ဝင် ။
ဗုဒ္ဓမြတ်ကို ယှဉ်ပြိုင်နွှဲဖို့ ၊
စစ်ပွဲပြင်ဆင် ။
အပရာဇိတ ပလ္လင် ၊
လိုချင်သည့် မာရ်နတ်ဆိုး ။
မြတ်ဘုရားရှင် သစ္စာပြု၍ ၊
မြေပံသု မြည်လှုပ်ကွဲကာ ၊
ရှုံးပွဲနှင့်တိုး ။
( အောင်ခြင်း - ဒုတိယ )
အမိအဖ နှစ်ဖက်ဆီမှ ၊
ဝါဒတစ်ထောင် တတ်မြောက်သူ ။
သစ္စက ပရိဗိုဇ်က ၊
အတ္တအလံထူ ။
မြတ်ဗုဒ္ဓကို သူငြူစူ ၊
အနိုင်ယူပြိုင်နွှဲ ။
ဝါဒအမှန် အနတ္တမို့ ၊
သစ္စက ချွေးတလုံးလုံးနှင့် ၊
ရှုံးရသည့်ပွဲ ။
( အောင်ခြင်း - တတိယ )
မိန်းမယုတ် လူ့ဗာလ ၊
စိဉ္စမာနဣတ္ထိယာ ။
ဘုရားရှင် ကလေးအဖေစွပ်စွဲ ၊
မာန်မဲတော့တာ ။
သူ့ကိုယ်ဝန် ဖုံးကွယ်မသာ ၊
အလိမ်ညာပေါ်သွား ။
ဗုဒ္ဓအရှင် တန်ခိုးတော်ကြွယ် ၊
အံ့ချီးဘွယ် ဂုဏ်ရနံ့သင်းသည့် ၊
အောင်ခြင်းတစ်ပါး ။
( အောင်ခြင်း - စတုတ္ထ )
အာဠဝက သားစားကြူးသည့် ၊
ဘီလူးရန်သူ ။
သူ့ဗိမ္မာန် ဘုရားရှင်ကြွ၍ ၊
ဒေါသတွေဆူ ။
ဘုရားကို ပစ်ခတ်ရန်မူ ၊
ဘွဲ့ဖြူလက်နက် ။
ခြေသုတ်ဝတ် ဖြစ်ကာထူးလို့ ၊
ဘီလူးကို ကျွတ်တမ်းသွင်းသည့် ၊
အောင်ခြင်းတစ်ချက် ။
( အောင်ခြင်း - ပဉ္စမ )
လက်ညှိုးပေါင်း တစ်ထောင်ရရန် ၊
တွေ့သမျှလူဖြတ်ယူကာ ။
အချိန်ကုန် ရက်တွေညောင်း၍ ၊
တစ်ချောင်းအလိုမှာ ။
ကျေးဇူးရှင် မွေးမာတာ ၊
ဓါးကိုင်ကာသူလိုက် ။
ဗုဒ္ဓသခင် တရားပြမှ ၊
အင်္ဂုလိမာလ လူဉာဏ်ကန်းရယ် ၊
ရဟန်းဘောင်ဆိုက် ။
( အောင်ခြင်း - ဆဋ္ဌမ )
အငြိုးကြီးသူ ဒေဝဒတ်ကား ၊
ဘုရားကိုသတ်ရန် ။
နာဠာဂီရိ ဆင်ကြီးမိုက်အောင် ၊
အရက်တိုက်ထားပြန် ။
ဆင်ကြီးက နင်းမည့်ဟန် ၊
ရန်စောင်တိုးသွား ။
မြတ်ဗုဒ္ဓ ဆုံးမတဲ့ခါ ၊
သူ့ခမျာ ဘုရားကိုဖူးလို့ ၊
ဦးညွတ်ယဉ်ပါး ။
( အောင်ခြင်း - သတ္တမ )
ဗုဒ္ဓအရှင်နှင့် သာဝကတို့ ၊
ကြွလှမ်းကြနတ်ဗိမ္မန် ။
နဂါးကြီး နန္တောပနန္တ ၊
ဒေါသတွေထန်။
မြတ်ဘုရားကို ရန်မူပြန် ၊
အယူမမှန်မိစ္ဆာနဂါး ။
ဆုံးမသူ ရှင်မောဂ္ဂလန်ကြောင့် ၊
မာန်လျှော့ကာ မခံနိုင်အဆုံးမှာ
ရှုံးနိမ့်လို့သွား ။
( အောင်ခြင်း - အဋ္ဌမ )
ဗကဗြဟ္မာ သူ့ဝါဒ ၊
နိစ္စအရာရာ ။
ဘုရားရှင်က အနိစ္စလို့ ၊
ပြိုင်ကြတဲ့ခါ ။
အယူလွဲတဲ့ သူ့ခမျာ ၊
မယှဉ်သာအရှက်ပွါး ။
ကိုယ်ဖျောက်လည်း ဖျောက်မရ၍ ၊
ဗုဒ္ဓသခင် မြတ်ရှင်စောကို ၊
ငေးမောကာ ခပ်ကုပ်ကုပ်နဲ့ ၊
ဒူးတုပ်ခစား ။
ဇိနမာရ် ဓမ္မာမင်း၏ ၊
အောင်ခြင်းရှစ်ပါး ။
တပည့်တော် မုဒြာစုံချီ ၊
စာစီကာ ကောင်းမှုပြု၍ ၊
ကုသိုလ်တော်ပွါး ။
အောင်နိုင်သူ ( 7 / 11 / 2016 )
Saturday, November 5, 2016
မဟာမြိုင်နန်း - အချိုးတွဲ ( ၁၆ )
တောတောင်ချိုင့်ဝှမ်း လျှိုမြောင်စမ်းနှင့် ၊
နှင်းမှုန်လွှမ်းသည့်မြိုင်မဟာ ။
ပန်းရောင်စုံသွေး ဆန်းအောင်ထွေး၍ ၊
မွှေး..ရနံ့ဖြာ ။
တောင်ခြေဆီမှာ ချောင်းရေပြာပြာ ၊
စီးကာတအေးအေး ။
တောတိရစ္ဆာန် ပျော်ဟန်ထူးသည် ၊
မြူး..ခုန်ပေါက်ပြေး ။
သမင်ငယ်တောက် ချေကဟောက်စဉ် ၊
တောခြောက်နေသည့်ပမာ ။
သာတကာငှက်ကျေး သံစုံပေး၍ ၊
တေး..သီကြရှာ ။
ပိတုန်းလိပ်ပြာ လွန်လှပစွာ ၊
ဝဲကာဟိုသည်မြူး ။
ဒေါင်းကအိုးဝေ မြောက်ကြိုးခွေတဲ့ ၊
ခွန်း..ချွေတွန်ကြူး ၊
.
သစ်ပင်ကိုင်းဖျား စိမ်းရွက်ကြားမှာ ၊
လင်းအားဖျော့ဖျော့သာ ။
သစ်ရွက်တစ်သင်း လေပြေညှင်းသော် ၊
ဆင်း..ကြွေရရှာ ။
လူသူကင်းစွာ မြဂနိုင်မှာ ၊
သဘာဝကဆန်း ။
စိတ်လက်ကြည်နူး လွမ်းဘွယ်ကျူးသည် ၊
ထူး..တဲ့မြိုင်နန်း ။
အောင်နိုင်သူ ( 6 / 11 / 2016 )
မြန်မာ့သူရဲကောင်း - အချိုးကဗျာ ( ၅၄ )
ကမ္ဘာမှာ မြန်မာဟာ ချွတ်ခြုံကျမွဲလေတော့ ၊
အပြစ်စွဲ စနစ်လွဲ တော်လှန်ပြောင်းဖို့ ၊
ချိန်မနှောင်းခင် ခေါင်းဆောင်ကောင်း စွမ်းရည်ထက် ၊
သက်ခုနှစ်ဆယ် အမယ်အို ဇာနည်ဘွားရယ်က ၊
သူ့စီးပွါး သူ့သမီးသား အားလုံးပစ်ကာ ၊
အနစ်နာခံ သစ္စာနှံ မေတ္တာဝေလို့ ၊
မြန်မာတွေ ကမ္ဘာမလေ ခေါင်းမော့နိုင်စေ ၊
စိတ်မာန်ခိုင် အဓိဋ္ဌာန်မယိုင် ကျိုးစားသမျှမှာ ၊
မရိုးမသား သခိုးများက တဟောင်ဟောင်နဲ့ ၊
ယောင်ချာချာ ဉာဏ်ဗလာ ခေတ်နောက်ဆုတ်ကြတယ် ၊
လူယုတ် လူ့အောက်တန်းစား ။
ဘာမထီ အာဇာနည် သွေးသားရင်းပေမို့ ၊
သွေမယွင်း အရည်ချင်းက အောင်ဆန်းအလား ၊
မဖေါက်ပြား အကြောက်တရား ဝေလာဝေးပေါ့ ၊
ပြည်အရေး ကြည်မအေး သူမနေသာ ၊
မြန်မာအပြင် ကမ္ဘာတစ်ခွင် သွားလာလှုပ်ရှားလို့ ၊
မအားလပ်အောင် အားထပ်ဆောင် တာဝန်ထမ်းထားပေမင့် ၊
လမ်းမှားမူ ရမ်းကားသူ တစိမ်းပြင်ပြင်တွေက ၊
ကောင်းမမြင် မောင်းတင်ကာ ဆဲဆိုမိုက်မဲကြ ၊
ခင်စရာလွဲ ပညာမွဲ ခွေးလှေးလိုသာမည ၊
လူ့ဗာလ လူ့အန္ဓတွေ လာယှဉ်လျင်ရိုင်းပေလိမ့် ၊
နှိုင်းမသာ တိုင်းဝဠာ ကမ္ဘာမြေအပြည်ပြည်တွင် ၊
တို့ဇာနည် တို့ဧကရီ အောင်ဆန်းစုကြည်မှာဖြင့် ၊
မြန်မာတွေ လွှမ်းမောက်လို့ ဝမ်းမြောက်မော်ကြွားစရာ ၊
လျှမ်းတောက်ကျော်ကြား ။
.
အောင်နိုင်သူ ( 5 / 11 / 2016 )
Subscribe to:
Posts (Atom)