Friday, September 30, 2016
ထူးတင့်သာဆန်း - အချိုးတွဲ ( ၁၁ )
နံနက်ခင်း ရောင်နီပျိုးတော့ ၊
ချိုးငယ်ကတကူကူ ။
အုန်းပင်ပေါ် ဇရက်တွေလည်း ၊
ကက်ကက်လန်ဆူ ။
ရေကန်လယ် ပျားပိတုန်း ကလူလို့ ၊
ပန်းကြာဖြူတဖွေးဖွေး ။
စိမ်းမြရောင် စပါးခင်းကိုတော့ ၊
လင်းနေခြည်ထွေး ။
ဟိုအဝေး တောင်တော်ဦးမယ် ၊
ဖူးပါရထုံးစေတီ ။
လယ်ကွင်းစွန် ခင်တန်းမှာတော့ ၊
ထန်းပင်အစီရီ ။
ဗျိုင်းတစ်အုပ်က တောင်ပံချီ ၊
ညီညာစွာပျံသန်း ။
သဘာဝအလှ ကြည်နူးဘွယ်မို့ ၊
ကြူးရင့်ညံ ယာစခန်းမှာဖြင့် ၊
ထူးတင့်သာဆန်း ။
ဇရက် = ဆက်ရက်ငှက် ။
အောင်နိုင်သူ ( 1 / 9 / 2016 )
ပြန်ခဲ့ပြီငယ်ချစ်ဆီ - အချိုးကဗျာ ( ၃၄ )
မျှော်လေဝေး ၊
ပြန်ရေးကခက်တယ် ။
တွေးကာပူ ၊
ကြင်သူရယ်အထင်လွဲလို့ ၊
ကွဲလိမ့်မယ်ဗျာပါဆင့်ကာ ၊
စိုးထင့်လျက်ကွယ် ။
မေ့နဲ့နော်ချစ်ဦးငယ် ၊
တစ်နယ်ဆီခဏဝေး ။
လွမ်းတော်မူ ၊
မျှော်နေသူရွှေရင်နစ်ပါနဲ့ ၊
ချစ်တဲ့သူမောင့်ငယ်ကျွမ်းဆီ ၊
လှမ်းခဲ့ပြီလေး ။
အောင်နိုင်သူ ( 30 / 9 / 2016 )
ချစ်အဖြေ - အချိုးတွဲ ( ၁၀ )
သူ့မျက်နှာလေးချိုသာ ။
ဆိုစရာအပြစ်ကင်းပါလို့ ၊
ဝင်းပပဖြာ ။
ပါးနှစ်ဘက်ပန်းပဒုမ္မာ ၊
ခန္ဓာကကြော့ဆုံး ။
သူ့ကေသာမဟူရာယှက်တယ် ၊
နက်မှောင်ပိတုန်း ။
ယဉ်ကျေးတယ်သူ့ရဲ့ဝါစာ ။
ပျိုကညာသံချိုနှောလို့ ၊
အပြောကဝေဆာ ။
ဝိုင်းစက်စက်သူ့မျက်နှာ ၊
နံ့သာကိုခြယ်မှုန်း ။
ကွမ်းတော်ကိုင်ထိတ်ထိတ်ကြဲမို့ ၊
ရွာထဲအလှဆုံး ။
မြင်နေခဲ့ရက်ရှည်ကြာ ။
ရွှေရုပ်လွှာကိုမရမကနဲ့ ၊
တောင်းတဝေဒနာ ။
ကျနော့်ဘဝကရောင်ချာချာ ၊
ဥစ္စာမဲ့မောင်ဖုန်း ။
ချစ်အဖြေကိုကြိုသိနေတော့ ၊
နွမ်းအိခွေနုံး ။
အောင်နိုင်သူ ( 30 / 9 / 2016 )
မောင့်သစ္စာတိုင် - တေးထပ် ( ၅ )
ချစ်သမျှကို ဖွင့်ကာပြ ၊
မေတ္တာအလှ ဝေဖြာ ၊
ချစ်သူနှမ ကလျာရယ် ၊
ဆုံးကမ္ဘာ တူမခွဲ ။
ရွှေနဲ့မြ ဂုဏ်ပဏာညီ ၊
နေစန္ဒာ မိုးထက်ဒွန်တွဲ ။
စာဖွဲ့နွဲ့ သစ္စာတိုင်မယ် ၊
ရှစ်ကမ္ဘာခိုင် စဉ်မြဲ ။
ချစ်သဒ္ဓါလှိုင် ဘယ်မလွဲပါကွဲ့ ၊
ရင်ထဲက မေတ္တာ ။
ရွှေစိတ်တော် ဘဝင်ခိုက်စေဖို့ ၊
စဉ်တစိုက် ဖေးမမည်သာ ။
ယှဉ်နှိုင်းမဲ့ ကြင်နာမယ် ၊
ခင်သူဇာ ပစ်မမုန်းနဲ့ ၊
ချစ်ဆုံးမို့ သခင်ငြိုးရန် ၊
စိုးကြောက်ဧကန် ။
ချစ်တေးဖွဲ့ ရွှေဗိမာန်ဆီ ၊
မနှေးအမြန် တူလှမ်းစို့လေး ။
အောင်နိုင်သူ ( 30 / 9 / 2016 )
ရှစ်ကမ္ဘာခိုင် စဉ်မြဲ ။
ချစ်သဒ္ဓါလှိုင် ဘယ်မလွဲပါကွဲ့ ၊
ရင်ထဲက မေတ္တာ ။
ရွှေစိတ်တော် ဘဝင်ခိုက်စေဖို့ ၊
စဉ်တစိုက် ဖေးမမည်သာ ။
ယှဉ်နှိုင်းမဲ့ ကြင်နာမယ် ၊
ခင်သူဇာ ပစ်မမုန်းနဲ့ ၊
ချစ်ဆုံးမို့ သခင်ငြိုးရန် ၊
စိုးကြောက်ဧကန် ။
ချစ်တေးဖွဲ့ ရွှေဗိမာန်ဆီ ၊
မနှေးအမြန် တူလှမ်းစို့လေး ။
အောင်နိုင်သူ ( 30 / 9 / 2016 )
Wednesday, September 28, 2016
တောင်းဆုပန်ကြား - အချိုးကဗျာ ( ၃၃ )
ဝဿန်ခါ လတော်သလင်းပေမို့ ၊
လယ်ကန်သင်း ကျိုးအောင်ပ ၊
မိုးတွေကရွာ ။
ပူပြန်လျင် မီးပုံတနှုန်းပင် ၊
ပုဇွန်လုံးတွေ သေပျက်ယွင်းအောင် ၊
နေမင်းကဖြာ ။
တို့လယ်ခွင် စပါးပင်ကျိုးအောင် ၊
မငြိုးပါနဲ့ မိုးဒေဝါ ၊
ပျိုးသာပါစေလား ။
တို့ယာတပြင် စားပင်မငြိုးအောင် ၊
တိုးမပူပါနဲ့ သူရိန်မင်းရယ် ၊
ဆင်းရဲသူမို့ ညှာတာကွယ် ၊
ဒေဝါကို အရိုသေပြုပါ့မယ် ၊
ကောင်းမှု မှန်တရားရယ်နဲ့ ၊
တောင်းဆုပန်ကြား ။
အောင်နိုင်သူ ( 29 / 9 / 2016 )
လွမ်းနှစ်ပတ်လည် - ရတု ( ၁ )
ဟောင်းရွက်ညှာကြွေ..... မြေမှာဝေ၍ ၊ သည်နွေမာသ ၊
ပူသည့်လတွင် ၊ မြူထမင်းလွင် ၊ လေရူးနှင်သည်
၊
ချစ်ခင်သူဝေး ၊ ဟိုသည်ငေးရင်း ၊ ငှက်ကျေးအော်သံ
၊
ကြူးကြော်ညံဆင့် ၊ ဝဲပျံစီးမျော ၊ အတိတ်တောမှာ
၊
လှိုက်မောတွေဝေ ၊ ချစ်သူဆွေကို ၊ ရှာဖွေမှန်းဆ
၊
မျှော်တမ်းတကာ ၊ နေ့ညမနေ ၊ အလွမ်းစေရင်း ၊
သည်နွေလွတ်ကင်း ၊ ဝဿန်ချဉ်း၍ ၊ မိုးမင်းအမြန်
၊
သည်းသည်းထန်စွာ ၊ ဖန်ဖန်ရွာရေး ၊
ဆုပန်တေးကို.....သီကြွေးမောင့်မှာတမ်းတသည် ။
မှိုင်းမှုန်ပြပြ ၊ မာဃစစ်ဆင် ၊ အားမာန်တင်ကာ
၊
လျှပ်ဆင်လဲ့ဖွေး ၊ ခြိမ်းသံပေး၍ ၊ မြည်ကြွေးကျူးညံ
၊
ထက်ဝေယံကား ၊ တိမ်လျှံရွေ့လျော ၊ လွင့်ပါးမျောပါ
၊
သောသောရွာစွေ ၊ မိုးစက်ရေတို့ ၊ တောခြေသို့ခ
၊
တစစနှင့် ၊ စီးကျတွေတွေ ၊ ချောင်းတွင်ရေလျှံ
၊
တောင်လေကပြင်း ၊ တိုက်ခတ်ခြင်းကြောင့် ၊ ဖေါ်ကင်းထီးကျန်
၊
လွမ်းစိတ်သန်ကာ ၊ ဟေမန်မနှေး ၊
ရောက်ကာအေးဖို့ .....သည်အတွေးနှောင့်ဖြာလွမ်းရသည် ။
ဆောင်းရက်မှာဝေ......မြူမှုန်ငွေနှင်း ၊ ဝဲကြွေမြေခ
၊
ဖြူလွလွသွင် ၊ မှန်းဆဖေါ်ကြင် ၊ ဘယ်မမြင်ငြား
၊
မောင့်ရင်မှာဆွေး ၊ လွမ်းဘွယ်တေးကို ၊ သီရွေးစီမံ
၊
စောင်းတော်သံနှင့် ၊ ပေါင်းနှံမွှေနှော ၊ ဂီတကြောတွင်
၊
နစ်မျောစိတ်ဖြေ ၊ မောင့်ဋ္ဌာနေနှင့် ၊ ချစ်ဆွေငယ်လှ ၊
မောင့်နှမကို ၊ လွမ်းရမပြေ ၊ နှင်းတွေဝေ၍ ၊
ချမ်းနေရင်တွင်း ၊ တညှင်းညှင်းမို့ ၊ ဆောင်းယွင်းဂိမှန်
၊
နောက်တစ်ဖန်ဖြင့် ၊ ရောက်ပြန်မနှေး ၊
နွေးကာထွေးရန်.....ရည်တွေးစောင့်ကာမှန်းဆသည် ။
Monday, September 26, 2016
Post - လမ်းညွှန်
page ၏ ယာဘက်ရှိ Blog Archive အောက်မှဖတ်လိုသောကဗျာခေါင်းစဉ်ကို
Click ၍လည်းရွေးချယ်ဖတ်ရှုနိုင်ပါသည် ။ ဝင်ရောက်ဖတ်ရှုသည့်အတွက်ကျေးဇူး
အထူးတင်ရှိပါသည် ။
[ အောင်နိုင်သူ ]
လွမ်းထွန့်ထွန့်လူး - အချိုးကဗျာ ( ၃၂ )
မိုးဒေဝါ ဖြိုးစွေရွာရင်ဖြင့် ၊
တိုးဝေဖြာအားအင်ရယ်နဲ့ ၊
စပါးပင်တွေယိမ်းကလို့ ၊
စိမ်းမြကမ္ဗလာ ။
ရိုးမတောင်ငြိုးလျအောင်ပဲ
အခိုးကမှောင်တဝေဝေမို့ ၊
ဖြေမပြေငယ်ကျွမ်းကိုဖြင့် ၊
လွမ်းအသည်းကနာ ။
ဘယ်နန်းဗွေဘယ်ကိုမြန်းနေလိမ့် ၊
စံပယ်ပန်းငယ်သစ်ဝေမြဲပေါ့ ၊
နှစ်တွေလည်းယွင်းအခါခါ ၊
မင်းပြန်မလာလေဘူး ။
ပန်းစပယ်ပွင့်လေသမျှခမျာ ၊
နွမ်းလေတယ်တင့်မနေရရှာ ၊
လွင့်ကြွေကျပန်သူကင်းနေတော့ ၊
မင်းကိုလေမျှော်တတမ်းတမ်းနဲ့ ၊
လွမ်းထွန့်ထွန့်လူး ။
အောင်နိုင်သူ ( 27 / 9 / 2016 )
သုံးရာသီရဲ့ပန်း - တေးထပ် ( ၄ )
မြိုင်မာလာ ခိုင်ညှာမြ ၊
လှိုင်ဖြာကျ ထိန်ဝါ ၊
ကြိုင်ပါလှ သိင်္ဂါရည် ၊
ထုံဝေစီ ပျံ့သင်း ။
ရွှေပိတောက် သွေမဖေါက်ဂိမှန် ၊
နွေရောက်ချိန် ပွင့်ကြပေါ့မယွင်း ။
ဝဿန်လ ရူပကြွယ် ၊
ဖြူလွစံပယ် ပဝင်း ။
ကြူမြဘွယ် ငွေအဆင်းနဲ့ ၊
မြေတလင်း အပြည့်ဖြာ ။
ပွင့်လွှာချပ် ဆင့်ညှာထပ်လို့ ၊
ဝင့်ကာလှပ် သင်းပျံ့လေမှာ ။
ဆောင်းတစ်ကွေ့ နှင်းငွေ့မှာလှုံ ၊
သင်း၍သာထုံ သဇင်ပန်းတို့ ၊
အဆင်လန်း ဆန်းတင့်အဖန်ဖန် ၊
ကမ်းလင့်ချင်ပြန် ။
အလွမ်းသင့် အမြင်သဏ္ဌာန်ရယ် ၊
အသွင်မမှန် မှိုင်းဝေပေါ့လေး ။
အောင်နိုင်သူ ( 27 / 9 / 2016 )
သာသနနယ်သို့ - တေးထပ် ( ၃ )
ရဟန်းခံ ရှင်ပြုဖို့ ၊
ကုသိုလ်မှု အတွေးမှန် ၊
ပြုလေယခု ဓိဋ္ဌာန်သည် ၊
မြတ်နိဗ္ဗာန် ရည်စူး ။
ကြည်နူးသမှု ပီတိတဝေဝေ ၊
ကုသလေ အကြောင်းကံရယ်ထူး ။
ကြုံခဲတဲ့ ကုသိုလ်မဟာကွယ် ၊
စိတ်သဒ္ဓါ ဉာဏ်ဦး ။
အဝိဇ္ဇာ မလွန်ကျူးဖို့ ၊
အမိုက်ဆူး နှုတ်ပယ် ။
သာသနအမွေ အလွန်မြတ်သည်မို့ ၊
စေတနာပြတ် သားလို့လှူတယ် ။
ဗုဒ္ဓေဓမ္မ ဘာသာဝယ် ၊
ဘဝနယ်ပယ် လွတ်ကင်းဖို့ ၊
ဝပ်စင်းလို့ ဆာမကျယ် ၊
မောဟတွေပယ် ။
လောကီမငဲ့ သပိတ်ကိုလွယ်ကာ ၊
သာသနနယ် ကူးပါပေါ့လေး ။
အောင်နိုင်သူ ( 8 / 9 / 2016 )
မကိုဋ် - အချိုးကဗျာ ( ၃၁ )
လှိုင်းထန်တဲ့သည်ခရီးကိုလ ၊
မငြီးတမ်းဇွဲနပဲရယ်နဲ့ ၊
အားခဲလို့သူလှော် ။
ချမ်းသာစေကိုယ်ကျိုးရယ်လို့ ၊
မျှော်ကိုးဖို့သူစိတ်မဝင်စား ၊
ရှားတဲ့လူမော် ။
တိုင်းပြည်အတွက်သူကျိုးပန်းလို့ ၊
အောင်ဆန်းစုကြည်ဟုခေါ် ၊
တိုင်းကျော်တဲ့လူသား ။
ကယ်တင်ရှင်မို့ကြည်ဖြူပေ ၊
ပြည်သူတွေဘဝင်ခိုက်တဲ့ ၊
မကိုဋ်ထွဋ်ဖျား ။
အောင်နိုင်သူ ( 25 / 9 / 2016 )
ဆရာသို့ကန်တော့ပန်း - အချိုးတွဲကဗျာ ( ၉ )
ဘော်ငွေစင်လရောင်ဆမ်းမှ ၊
ပွင့်လန်းရကုမုဒြာ ။
ဖူးပွင့်ရန်မိုးရေသောက်ပေါ့ ၊
ပိတောက်ပန်းဝါ ။
ဖြူလွလွဂေါ်သဇင်ခမျာ ၊
နှင်းဖြာမှလန်း ။
တပည့်သာဝကသည်ကား ၊
အာစရိယသွန်သင်ထုံးနှင့် ၊
ဆုံးမရာနာခံဖူးလေမှ ၊
ခူးဆွတ်အောင်ပန်း ။
အနန္ဒကျေးဇူးတရားနဲ့ ၊
ငါးပါးဂိုဏ်းဝင် ။
နာသုံးနာရင်မှာထားလို့ ၊
သားကဲ့သို့သင် ။
အောင်မြင်လို့ကောင်းစေချင် ၊
သူ့ရင်ခွင်နှလုံးသား ။
ပဲ့ကိုင်ရှင်ဆရာသမားကိုလ ၊
ကံသုံးပါးနှင့်လွန်ကျူးသမျှ ၊
မျှော်ဖူးကာမာန်ကိုလျှော့လို့ ၊
ကန်တော့စို့လား ။
အောင်နိုင်သူ ( 26 / 9 / 2016 )
သုခပျောက်ဆုံးခြင်း - သံပေါက်ကဗျာ ( ၂ )
ကိုယ့်ကျိုးစီပွါး ၊
မထိပါး ၊
ရိုးသားသူကိုမမုန်းရ ။
သူ၏နှုတ်ဖျား ၊
မစော်ကား ၊
ထိပါးသူ့ကိုမစောင်းရ ။
သူ၏မကောင်း ၊
သူ့အကြောင်း ၊
သူ့ခေါင်းပေါ်သာကျလိမ့်မည် ။
သူ့အဖြစ်ဆိုး ၊
ကိုယ့်အကျိုး ၊
ဖြစ်မျိုးဝေးစွာရှောင်ရမည် ။
သူ့လမ်းသူသွား ၊
သူ့စကား ၊
တရားသူ့ကိုစီရင်သည် ။
ကိုယ်လည်းမပိုင် ၊
ကိုယ်မဆိုင် ၊
ကြိုးကိုင်ချင်ကမောတတ်သည် ။
ကိုယ်မသိသူ ၊
ထိုထိုလူ ၊
ငြူစူလေကကိုယ်လွဲသည် ။
ရန်သူပုံနှုန်း ၊
ကြောင်းမဲ့မုန်း ၊
အဆုံးကိုယ်သာမှားပေသည် ။
.
မေတ္တာလည်းဆိတ် ၊
ဝိဇ္ဇာပိတ် ၊
ကိုယ့်စိတ်ကိုယ့်ကိုသတ်လိမ့်မည် ။
ကောင်းစေတနာ ၊
ပျက်စီးလာ ၊
ချိန်ကြာလူနှင့်ကင်းလိမ့်မည် ။
လူသားဖြစ်လျင်း ၊
လူနှင့်ကင်း ၊
မယွင်းသုခပျောက်တော့မည် ။
အောင်နိုင်သူ ( 26 / 9 / 2016 )
Saturday, September 24, 2016
စည်တော်သံ ( ၂ )
မြတ်ဗုဒ္ဓါ လူ့ရွာဆင်းပါတဲ့ ၊
သီတင်းကျွတ် ဒီချိန်ခါ ၊
လင်းပေါ့သော်တာ ။
နတ်ဗြဟ္မာ ၊
ကြည်သာလို့ယှဉ်တွဲ ။
ပြည်တခွင်ပေါ် ၊
ပူဇော်မီးရယ် ၊
ငြီးထိန်တဲ့ပွဲ ။
သူသူငါ အလှူမင်္ဂလာနွှဲလို့ ၊
ပွဲလည်ကြ ပျော်စရာ ၊
ကောင်းကင်ကသာ ။
ကြယ်စင်ဖြာ ၊
အာကာပြင်မှာဖွဲ ။
နံမည်ကျော် ၊
စည်တော်တီးတယ် ၊
ဟီးသံကမစဲ ။
အောင်နိုင်သူ ( 24 / 9 / 2016 )
Friday, September 23, 2016
စည်တော်သံ - စည်တော်သံ ( ၁ )
တို့ဋ္ဌာနေစခန်းမှာလ ၊
ချမ်းမြေ့လို့လွန်သာယာ ။
သာသနာရောင်ဝါလင်းပါလို့ ၊
အမှောင်ခွင်းချိန်ခါ ။
ဘာသာအပေါ်ထက်သန်သဒ္ဓါ ၊
ရွှေကြာလိုလန်း ။
ဒါနနဲ့သီလဘာဝနာ ၊
အခါခါပွါးလို့စိတ်သဏ္ဌာန်မှာ
နိဗ္ဗာန်ရည်မှန်း ။
ရှင်လောင်းလှည့်တဲ့ပွဲမှာဖြင့် ၊
နွှဲကြပျော်ပျော် ။
ရွှေစည်တော်မင်္ဂလာဆိုင်းရယ်က ၊
တိုင်းမှာတဲ့ကျော် ။
နှဲဆရာကတမော်မော် ၊
စည်တော်တစ်လှည့်ယွန်း ။
ကြေးမောင်းသံတဝေဝေနဲ့ ၊
တို့မြန်ပြေဘယ်မယိမ်းအောင်…ကွယ် ၊
ငြိမ်းစေဖို့ညွှန်း ။
ကွမ်းတော်ကိုင်အပျိုတွေပေါပါလို့ ၊
ချောအလှယှဉ်ပြိုင် ။
အယဉ်ပိုအနေမြတ်လေတော့ ၊
နတ်ဒေဝီငိုင် ။
ဘယ်သူမှဘယ်သူ့ကိုတဲ့မနိုင် ၊
လှိုင်လေသည့်အလှတော ။
ငေးကြတဲ့ကိုလူပျိုတွေ ၊
ရင်တဖိုဖိုမြင်သူကြိုက်ပါပေါ့…( ကွယ် )
သည်းလှိုက်လို့မော ။
အောင်နိုင်သူ ( 23 / 9 / 2016 )
အာစရိယပူဇော်ပွဲ - တေးထပ် ( ၂ )
မြဲစဉ်သာ စိတ်အသွင်လှ ၊
မေးလာသမျှ မငြိုငြင် ၊
လမ်းညွှန်ပြ သွန်သင်တယ် ၊
ချစ်ခင်ဘွယ် သမား ။
ဘုရားသို့ မြတ်ဆရာကို ၊
တစ်သက်တာ မမေ့ပါနဲ့လား ။
.
မကောင်းမှု မလုပ်လေအောင် ၊
အဟုတ်ရှောင် စေသား ။
မဆုတ်ပေါင် ကြင်သနားလို့ ၊
သူညွှန်ကြား
သင်ရှာ ။
ချီးမွမ်းဘွယ် အာစရိရယ်လို့ ၊
သညာသိ
ထားလောက်သည်သာ ။
.
ဦးနှိမ်ချ မျှော်ရည်ကာ ၊
ရိုသေစွာ
ဝပ်တွားလို့ ၊
ပြုမှားမိ အပြစ်ဒါဏ် ၊
ခွင့်လွှတ်စေရန် ။
တပည့်သားတို့ တောင်းဆုပန်တယ် ၊
အပြစ်မကျန် ကင်းပျောက်စေလေး ။
.
အောင်နိုင်သူ ( 23 / 9 / 2016 )
Thursday, September 22, 2016
ကျေပျက်ကာသုဉ်းစေတော့ - တေးထပ် ( ၁ )
ချစ်ရသူနှလုံးမြေခ ၊
ပြုန်းကြွေကျတစ်ခါ ၊
အမုန်းတွေကတင်းမာတယ် ၊
နင်းချေလာမောင့်အသည်း ။
မသွေခုဘဝဖြေမရွှင်ပြီ ၊
တစ်မေခင်မင်းအချစ်နဲ့လွဲ ။
လျှာနှစ်ခွနဲ့စကားပလီတယ် ၊
မင်းမတည်ကြည်ဖေါက်လွှဲ ။
ဆွေးလေသည်ရင်ထဲက ၊
ငိုမစဲအခက်ဖြာ ။
အညာမိသူမေတ္တာရှုံးလေတော့ ၊
ပစ်ခွါမုန်းဒါဏ်ကမသက်သာ ။
ဆုံးစေတော့ကမ္ဘာမြေကျယ် ၊
သစ္စာတွေနှောင်ထုံးသမို့ ၊
ရှောင်ပုန်းသမျှမောင်ဖုန်းရှာ ၊
ပြေးကြည့်လိုက်ပါ ။
မဆုံရရင်ဒီဘဝတာရယ် ၊
ကျေပျက်ကာသုဉ်းစေတော့လေး ။
အောင်နိုင်သူ ( 22 / 9 / 2016 )
Wednesday, September 21, 2016
ပျို့မောင်ဖုန်းပြန်ခဲ့ပါ - လွမ်းချင်း ( ၁ )
သီတင်းကျွတ် တန်ဆောင်မုန်းမယ် ၊
မောင်ဖုန်းရယ် ပြန်လာခဲ့ပါ ၊
ပျိုတို့ရွာ ဋ္ဌာနီစခန်းမှာဖြင့် ၊
စီတန်းလို့ ဘုရားလှည့်ပွဲကို ၊
အများနဲ့နွှဲ ပျော်ကြတော့မယ် ၊
မျှော်ရတယ် ပျို့အချစ်ဦးရယ် ၊
ရူးမယ်ကွဲ့လေး ။
.
ညခင်းမှာ မီးထွန်းပွဲနဲ့ ၊
လူမစဲအောင် စည်ကားလိမ့် ၊
ရွာဘုရားဝင်း ဇာတ်သဘင်ခင်းလို့ ၊
ချောင်းတွင်းမတော့ သပိတ်မျှောမယ် ၊
တောရွာဓလေ့ ရင်တဖိုဖိုနဲ့ ၊
တူနှစ်ကိုယ် တွဲပျော်ဖို့ ၊
ပျို့မောင်တော် အချစ်ဦးကိုဖြင့် ၊
ဖူးချင်ရဲ့လေး ။
.
အောင်နိုင်သူ ( 21 / 9 / 2016 )
အသေဝနာစဗာလနံ - လင်္ကာကဗျာ ( ၁၁ )
လူမိုက်ဗာလ ၊ လူအန္ဓကား ၊
ဆုံးမပဲ့ပြင်ခက်လှသည် ။
ကောင်းဆိုးမသိ ၊ ဉာဏ်နတ္ထိနှင့် ၊
သတ္တိတလွဲသုံးတတ်သည် ။
ဘယ်သူသေသေ ၊ လူ့ငတေတို့ ၊
ဂြိုလ်မွှေဆိုးကျိုးပေးတတ်သည် ။
လူမိုက်ရှိရာ ၊ လူမိုက်လာ၍ ၊
သာယာပျော်မွေ့တွေ့ကြသည် ။
မှန်၏မှား၏ ၊ သူမသိပဲ ၊
တွယ်ငြိသာရာပေါင်းတတ်သည် ။
မှားမှန်းသိလည်း ၊ မပြင်ပဲနှင့် ၊
စွဲမြဲကမ်းကုန်မိုက်တတ်သည် ။
လူမိုက်သွားလမ်း ၊ မဖြောက့်တန်း၍ ၊
ဘေးသန်းဘယာပေါလှသည် ။
ဇာတ်သိမ်းမလှ ၊ လူ့ဗာလတို့ ၊
နောင်တကင်းမဲ့တတ်ကြသည် ။
လူမိုက်လူဖျင်း ၊ ရှောင်ပယ်ငြင်းက ၊
ကောင်းခြင်းမင်္ဂလာဖြစ်တော့သည် ။
အောင်နိုင်သူ ( 22 / 9 / 2016 )
Monday, September 19, 2016
ပန်းတို့သဘာဝ - အချိုးကဗျာ ( ၃၀ )
မိုးဝဿန်နံနက်ခင်းမယ် ၊
ဆင်းရွှေရည်နေခြည်ဖြာလို့ ၊
လေပြေလာအေးချမ်းလေတော့ ၊
ပန်းတွေလည်းဝေ ။
ဂိမှန်နွေပူတကျက်ကျက်မှာ ၊
ငှက်ကလေးတွေပျံရင်းမော ၊
တောမြိုင်အလယ်စမ်းရေခမ်းကာ ၊
ပန်းတွေကကြွေ ။
ပန်းသဘာဝဝေကြသလို ၊
ကြွေရသည်လည်းမလွှဲသာပြီ ၊
ဝေစဉ်ခါလန်းလို့သင်းနေ ၊
ကြွေဆင်းတော့နွမ်း ။
ဝေရင်းကကြွေခြင်းအစရယ်မို့ ၊
ကြွေကျတစ်လှည့်ဝေရတစ်ခါနဲ့ ၊
ဓမ္မတာဒီသံသရာဝဲမှာဖြင့် ၊
ပွင့်မြဲပေါ့ပန်း ။
အောင်နိုင်သူ ( 20 / 9 / 2016 )
သီတင်းကျွတ်မင်္ဂလာဆောင် - အချိုးတွဲ ( ၈ )
ဝါလတွေကင်းကာလွတ်လို့ ၊
သီတင်းကျွတ်တော့မယ် ။
မလေးကိုမောင်ချစ်ခဲ့တာ ၊
သုံးနှစ်ကျော်ကွယ် ။
နှစ်ယောက်စလုံးကမှန်းရည်ရွယ် ၊
ပေါင်းမယ်စိတ်ကူး ။
မောင့်မှာဖြင့်တိတ်တဆိတ်နဲ့ ။
ကြိတ်ပျော်လို့မြူး ။
.
ရူးတယ်လို့ဆိုချင်ဆိုလှည့် ၊
အချစ်ပိုတဲ့မောင် ။
ဓလေ့ရိုးရာဘယ်မလွဲဖို့ ၊
ကန်တော့ပွဲဆောင် ။
ကာလသားတွေကလှောင် ၊
မြင်ယောင်မိသေး ။
မောင့်ချစ်သူမိန်းမကောင်းကိုဖြင့် ၊
တောင်းမယ်ကွဲ့လေး ။
စိတ်ကူးယဉ်မင်္ဂလာပွဲကို ၊
နွှဲပေါ့ရွာအလယ် ။
တစ်ရွာလုံးမီးခိုးတိတ်အောင် ၊
ဖိတ်ကြွေးပါ့မယ် ။
စပီကာကြီးလို့သီချင်းသံကျယ် ၊
တိုင်ငယ်တော့ကျိုး ။
တဲအတွင်းကိုမိုးရေအပက်မှာ ၊
အိပ်မက်ကနိုး ။
အောင်နိုင်သူ ( 19 / 9 / 2016 )
သီတင်းကျွတ်လပြည့်အဘိဓမ္မယအခါတော်နေ့ - လင်္ကာကဗျာ ( ၁၀ )
အံ့ဘွယ်ထူးစွ ၊ မြတ်ဗုဒ္ဓသည် ၊
ဓမ္မထွေပြား ၊ ကျင့်ကြံအားကြောင့် ၊
ဘုရားဖြစ်ကာ ၊ ခုနှစ်ဝါတွင် ၊
အခါကာလ ၊ ဝါဆိုရအောင် ၊
မြန်းကြွစံငြိမ် ၊ တာဝတိံ၌ ၊
အချိန်ဝါလကုန်စေသည် ။
တာဝတိံသာ ၊ နတ်တို့ရွာမှာ ၊
မွေးကာပြုစု ၊ ၊ ကျေးဇူးတုမဲ့ ၊
သန္တုသတိ ၊ အမည်ရှိသော ၊
အမိနတ်သား ၊ နတ်အများနှင့် ၊
များပြားဗြဟ္မာ ၊ အဖြာဖြာကို ၊
မြင်သာအတိ ၊ အားလုံးသိစေ ၊
အဘိဓမ္မာ ၊ ဒေသနာအား ၊
ထိုဝါသုံးလ ၊ ပြီးပြတ်ရအောင် ၊
ဗုဒ္ဓမြတ်စွာဟောလေသည် ။
အဘိဓမ္မာ ၊ ဒေသနာကို ၊
သုံးဝါလတွင်း ၊ ဟောကြားခြင်းကြောင့် ၊
နတ်မင်းဗြဟ္မာ ၊ မြောက်များစွာလည်း ၊
ကျွတ်ကာနိဗ္ဗာန်ရောက်လေသည် ။
မာဃသိကြား ၊ ဖန်ဆင်းထားသော ၊
ရှည်လျားတင့်ဆန်း ၊ သုံးစောင်းတန်းကား ၊
ရောင်လျှမ်းထွေပြား ၊ ပတ္တမြားနှင့် ၊
ရွှေသားငွေသားဖြစ်လေသည် ။
အဘိဓမ္မာ ၊ ဟောပြီးခါတွင် ၊
မြတ်စွာဘုရား ၊ ပတ္တမြားနှင့် ၊
ဆေးသားစုံချယ် ၊ စောင်းတန်းလယ်မှ ၊
လူ့နယ်ဋ္ဌာနဆင်းလေသည် ။
ငွေစောင်းတန်းမှာ ၊ ဝန်းရံလာကြ ၊
ဗြဟ္မာများမူ ၊ ငွေထီးဖြူနှင့် ၊
ညီတူဆောင်းပေး ၊ ဗုဒ္ဓဘေးမှ ၊
ဖြည်းဖြည်းညင်သာဆင်းလေသည် ။
ရွှေစောင်းတန်းမှာ ၊ နတ်ဒေဝါတို့ ၊
သံသာတီးခပ် ၊ လေကိုယပ်ကာ ၊
ချဉ်းကပ်ပူဇော် ၊ ရှိခိုးမျှော်၍ ၊
ပြည်တော်လူ့ရွာဆင်းလေသည် ။
.
လူ့ပြည်ဋ္ဌာန ၊ဆင်းသက်ကြွစဉ် ၊
ဝါလကင်းလွတ် ၊ သီတင်းကျွတ်ကာ ၊
ဝင်းမွတ်စန္ဒာ ၊ ပြည့်ဖြိုးသာ၍ ၊
ချိန်ခါကောင်းလည်းဖြစ်လေသည် ။
ခြောက်ရောင်ရွှန်းစို ၊ ဗုဒ္ဓကိုယ်တော် ၊
မြင်းမိုရ်ထိပ်မှ ၊ သင်္ကဿန ၊
မြို့ဝခြေရင်း၊ အရောက်ဆင်း၍ ၊
မြတ်ခြင်းပူဇော်ခံလေသည် ။
တိုင်းပြည်သီးသီး ၊ လူထုကြီးလည်း ၊
ဆီမီးတန်ဆောင် ၊ အလင်းရောင်ဖြင့် ၊
အမှောင်ဖယ်ရှား ၊ ပူဇော်အားကြောင့် ၊
တိုင်းကားတခွင် ၊ ပွဲသဘင်သို့ ၊
ဘဝင်သိမ့်သိမ့်ခြိမ့်သတည်း ။
ထိုသည့်နေ့ရက် ၊ စဉ်အဆက်ပင် ၊
မပျက်ကျင်းပ ၊ မည်နာမကား ၊
သုတသဖွယ် ၊ အသိကြွယ်စေ ၊
မောင်မယ်မှတ်မိ ၊ ရှင်လူသိသော ၊
အဘိဓမ္မာအခါတော်တည်း ။
သင်္ကဿန = သင်္ကဿနဂိုလ်ပြည် ။
အောင်နိုင်သူ ( 18 / 8 / 2016 )
Post - လမ်းညွှန်
page ၏ ယာဘက်ရှိ Blog Archive အောက်မှဖတ်လိုသောကဗျာခေါင်းစဉ်ကို
Click ၍လည်းရွေးချယ်ဖတ်ရှုနိုင်ပါသည် ။ ဝင်ရောက်ဖတ်ရှုသည့်အတွက်ကျေးဇူး
အထူးတင်ရှိပါသည် ။
[ အောင်နိုင်သူ ]
မရွှေထူး - အချိုးကဗျာ ( ၂၉ )
ကလေးဘဝကရင်းနှီးချစ်ကြည် ၊
သူ့နံမည်မရွှေထူး ။
ဖေါင်းဖေါင်းလေးမျက်နှာထက်မှာ ၊
ပါးကွက်ကိုလူး ။
မရွှေထူးလေးပိုလှစရာ ၊
ပန်းတွေရှာကျွန်တော်ကခူး ။
သူ့ဆံပင်တိုအပန်ခက်တော့ ၊
သူ့နားရွက်နှစ်ဘက်ကြားမှာ ၊
ပန်ထားပေးဖူး ။
အောင်နိုင်သူ ( 19 / 9 / 2016 )
မဟာအလွမ်း - အချိုးကဗျာ ( ၂၈ )
လွမ်းတာတွေစာစီထုတ်ဖို့ ၊
သမုဒ်ပြင်ကိုတဲ့မင်ရည်ပြု ၊
တောင်မေယုနဲ့စုပ်တံချီမယ် ၊
မြေမဟီကပေစာရွက် ။
လွမ်းတာတွေကမ္ဘာလောက်ကြီးလို့ ၊
လွမ်းမီးကတငွေ့ငွေ့လောင် ၊
လွမ်းတောင်ကိုကျော်ကာဖြတ်လည်း ၊
လွမ်းဇာတ်ကမဆုံးနိုင်ပေါင် ၊
လွမ်းမသုဉ်းပဲလွမ်းရင်ကျွမ်း၍
လွမ်းပြီးရင်းအလွမ်းဆိပ်တက်တော့ ၊
လွမ်းချက်ကကမ်းကုန်အောင် ၊
လွမ်းပုံဆောင်ပမာပြုမယ်ပ ၊
လွမ်းခုထိကျွမ်းနေလျက်မို့ ၊
လွမ်းနေ့စဉ်ဆက် ။
အောင်နိုင်သူ ( 19 / 9 / 2016 )
Saturday, September 17, 2016
ကံဇာတ်ဆရာကူလှည့်ပါ - အချိုးကဗျာ ( ၂၇ )
ပျိုတို့ရွာဘုရားပွဲတော် ၊
နွှဲပျော်ဖို့မောင်ရောက်လာ ၊
ဆိုင်းသံကသာ ။
ပျို့မျက်နှာ ၊
ကွယ်ရာကသည်မောင်ငေး ။
မောင့်အချစ်တွေရင်ထဲရှိသမျှ ၊
ပျိုသိအောင်မောင်မကြံတတ်ပြီမို့ ၊
ကံဇာတ်ဆရာဖေးကူလှည့်ပါ ၊
တွေးပူလို့ဆွေး ။
အောင်နိုင်သူ ( 10 / 7 /2016 )
ကျုပ်တို့ရွာပင်လယ်ကမ်း - အချိုးတွဲ ( ၇ )
လှိုင်းခေါင်းဖြူပင်လယ်ပြာ ။
သဲသောင်ရှည်ကွေ့ကာတန်းလို့ ၊
ကမ်းခြေကသာ ။
ရေလယ်ကငါးဖမ်းနာဝါ ၊
လှိုင်းလာတော့လူး ။
ကမ်းခြေရေပြင်တလွှားမှာတော့ ၊
ရေကစားတဲ့လူတရုန်းရုန်းနဲ့ ၊
ပြုံးပျော်လို့မြူး ။
လေပြေညှင်းကသုန်သုန်မြှူ ။
ဇင်ယော်တွေဟိုသည်ဝဲလို့ ၊
သဲသောင်ကဖြူ ။
ခရုခွံအစုံကောက်ကာယူ ၊
အတူကုံးလို့တွဲ ။
အိမ်ပြန်လက်ဆောင်အဖြစ်နဲ့ ၊
ချစ်သူတွေလည်တိုင်မှာသ ၊
အလှဆင်လို့ဆွဲ ။
အုန်းပင်တွေတန်းစီနေ ။
သောက်ကြကွယ်ဘယ်မငြီးပေါ့ ၊
အုန်းသီးနုရေ ( ရည် ) ။
ပင်လယ်စာမျိုးစုံအထွေထွေ ၊
မိတ်ဆွေတို့စား ။
ဖိတ်ပရစေမိတ်သဟာတွေ ၊
ကျုပ်တို့ရွာပင်လယ်ကမ်းကိုဖြင့် ၊
လှမ်းခဲ့ပါလား ။
နာဝါ = လှေ ၊ သင်္ဘော ။
အောင်နိုင်သူ ( 17 / 9 / 2016 )
Friday, September 16, 2016
မေမေ့တေးချင်း - အချိုးကဗျာ ( ၂၆ )
ထက်အာကာဝဠာတွင်းဝယ် ၊
တိမ်ကင်းတဲ့ညချမ်းခါ ၊
လမင်းကသာ ။
လင်းရောင်ဖြာ ၊
ရွှေဝါရောင်တဝင်းဝင်း ။
သားတော်မောင်ရွှေနားတော်သွင်းပေါ့ ၊
ထမင်းဆီဆမ်းရွှေလင်ဘန်းကို ၊
တမ်းတလို့တောင်းကာပေးတဲ့ ၊
မေမေ့တေးချင်း ။
အောင်နိုင်သူ ( 17 / 9 / 2016 )
Post - လမ်းညွှန်
page ၏ ယာဘက်ရှိ Blog Archive အောက်မှဖတ်လိုသောကဗျာခေါင်းစဉ်ကို
Click ၍လည်းရွေးချယ်ဖတ်ရှုနိုင်ပါသည် ။ ဝင်ရောက်ဖတ်ရှုသည့်အတွက်ကျေးဇူး
အထူးတင်ရှိပါသည် ။
[ အောင်နိုင်သူ ]
မချစ်ရဲတော့ဘူး - အချိုးတွဲ ( ၆ )
ဟိုးတုန်းကဆယ်ကျော်သက်ရွယ် ။
ရူးမိုက်တဲ့နှလုံးသားနဲ့ ၊
ချစ်ကစားဖူးတယ် ။
အသိဉာဏ်ကမလယ်ဝယ် ၊
နုနယ်တဲ့နှလုံးသား ။
အချစ်ဆိုတာသေချာမသိတော့ ၊
ဝေဒနာငြိဒီကောင်လေးခမြာ ၊
ဆွေးဗျာပါများ ။
ဓနဂုဏ်မဲ့၍လူကိုမခင် ။
ငယ်သူမို့အထင်သေးတော့ ၊
ရှောင်ပြေးလို့ကျဉ် ။
တံလျှပ်ကိုရေအသွင်ထင် ၊
ရွှေသမင်အလိုက်လွဲ ။
ချစ်ပင်လယ်တဏှာနွံအလယ် ၊
ပုစွန်ငယ်လွမ်းကျန်ရစ်သည့် ၊
ရေနစ်တဲ့ပွဲ ။
ချစ်မိသည်တစ်ကြိမ်တစ်ခါ ။
ကိုယ်ကသာအချစ်လွန်ကဲ၍ ၊
ရင်ထဲကနာ ။
အဆိပ်ဆူးလိုအချစ်မာယာ ၊
အသည်းမှာနစ်စူး ။
ချစ်ချင်ပေမဲ့ခုနေခါဝယ် ၊
ချစ်ဒါဏ်ရာနာကောင်းဆဲမို့ ၊
ချစ်ရဲတော့ဘူး ။
အောင်နိုင်သူ ( 16 / 9 / 2016 )
Thursday, September 15, 2016
ချစ်နေလျက်ပဲ - အချိုးတွဲ ( ၂ )
အချစ်ဦးပေါ့မနှင်းဆီ ။
မချစ်ဖူးအချစ်ထူးလို့ ၊
ရူးခဲ့ပါသည် ။
မင်းစကားကမတည်ကြည် ၊
မင်းပလီရှောင်လွှဲ ။
မောင့်ဘဝလည်းမတင့်တယ် ၊
အချစ်နယ်မှာအတွေ့ကြုံနည်းတော့ ၊
မောင့်အသည်းကျေကွဲ ။
အချစ်မူးတယ်မနှင်းဆီ ။
အဖြစ်မထူးပြီဒီအလွမ်းဇာတ် ၊
ရှင်ခန်းပြတ်သည် ။
အလှမ်းမမီအဝေးဋ္ဌာနီသို့ ၊
ပန်းနှင်းဆီရှောင်ပုန်း ။
ပွဲဦးထွက်ချစ်ဒုက္ခအလယ် ၊
မောင့်ဘဝရယ်ချစ်လူမိုက်ပါ ၊
မင်းကြိုက်သလောက်မုန်း ။
တစ်သက်လုံးပဲလွမ်းနေမည် ။
မပျက်သုဉ်းသောမေတ္တာများနဲ့ ၊
ချစ်ပါရသည် ။
ရက်စက်ပေါ့မနှင်းဆီ ၊
မင်းရီတဲ့အောင်ပွဲ ။
မောင်ကတော့အပြုံးတွေကွယ်၍ ၊
ရုန်းမလွယ်အမုန်းနွံနစ်လည်း ၊
ချစ်နေလျက်ပဲ ။
ရီ = ရယ် ။
ရီ = ရယ် ။
အောင်နိုင်သူ ( 10 / 9 / 2016 )
မန်ဒါလီ - အချိုးကဗျာ ( ၂၄ )
ချောင်းကိုပစ် ၊
မြစ်ကိုရှာသည့်မန်ဒါလီ ၊
မဟန်ရှာပြီရေသာများ၍ ၊
ငါးကိုရှာမရ ။
အဟောင်းကိုပစ် ၊
အသစ်ကိုရှာအငမ်းမရနဲ့ ၊
လမ်းမကျမောဟမိုက်ကြောင့် ၊
ပွေ့ပိုက်နောင်တ ။
အောင်နိုင်သူ ( 16 / 9 / 2016 )
မြစ်ကိုရှာသည့်မန်ဒါလီ ၊
မဟန်ရှာပြီရေသာများ၍ ၊
ငါးကိုရှာမရ ။
အဟောင်းကိုပစ် ၊
အသစ်ကိုရှာအငမ်းမရနဲ့ ၊
လမ်းမကျမောဟမိုက်ကြောင့် ၊
ပွေ့ပိုက်နောင်တ ။
အောင်နိုင်သူ ( 16 / 9 / 2016 )
နွားကျောင်းသားစည်းစိမ် - အချိုးကဗျာ ( ၂၃ )
မြကမ္ဗလာမြက်ခင်းမှာလ ၊
သက်ဆင်းကြငွေဗျိုင်းဖြူ ၊
ချိုးငယ်ကကူ ။
ပုလွေသံကြူ ၊
ဇိမ်ယူတဲ့နွားကျောင်းသား ။
ကွင်းပြင်အလယ်တငုပ်ငုပ်နဲ့ ၊
နွားတစ်အုပ်ကမြက်တွေစားလို့ ၊
နွားကျောင်းသားစည်းစိမ်ကောင်းတယ် ၊
ထနောင်းပင်အောက်နား ။
အောင်နိုင်သူ ( 15 / 9 / 2016 )
သက်ဆင်းကြငွေဗျိုင်းဖြူ ၊
ချိုးငယ်ကကူ ။
ပုလွေသံကြူ ၊
ဇိမ်ယူတဲ့နွားကျောင်းသား ။
ကွင်းပြင်အလယ်တငုပ်ငုပ်နဲ့ ၊
နွားတစ်အုပ်ကမြက်တွေစားလို့ ၊
နွားကျောင်းသားစည်းစိမ်ကောင်းတယ် ၊
ထနောင်းပင်အောက်နား ။
အောင်နိုင်သူ ( 15 / 9 / 2016 )
Wednesday, September 14, 2016
ဖါးသတ္တဝါ - အချိုးကဗျာ ( ၂၂ )
ဖါးကလေးလက်ကိုထောက်လို့ ၊
ခြေတောက်နဲ့သူ့ခမြာ ၊
လမ်းမလျှောက်သာ ။
သွားလိုရာ ၊
သုံးခါခုန်လို့တစ်ခါနား ။
တစ်ခါနားသုံးခါအားထုတ် ၊
နောက်မဆုတ်တဲ့သူ့ဗျူဟာကို ၊
စံနမူနာနှိုင်းယှဉ်ပြု ၊
အတုယူသင့်သား ။
အောင်နိုင်သူ ( 15 / 9 / 2016 )
ခြေတောက်နဲ့သူ့ခမြာ ၊
လမ်းမလျှောက်သာ ။
သွားလိုရာ ၊
သုံးခါခုန်လို့တစ်ခါနား ။
တစ်ခါနားသုံးခါအားထုတ် ၊
နောက်မဆုတ်တဲ့သူ့ဗျူဟာကို ၊
စံနမူနာနှိုင်းယှဉ်ပြု ၊
အတုယူသင့်သား ။
အောင်နိုင်သူ ( 15 / 9 / 2016 )
Tuesday, September 13, 2016
အကျိုးမဲ့စစ်ပွဲ - အချိုးကဗျာ ( ၂၁ )
မယားရှိလင်ရာမကိုမှ ၊
သုပန္နကအချစ်ကြမ်းလေတော့ ၊
ဇာတ်လမ်းကအခြေဆိုးဖို့ ၊
ရှေ့တိုးခဲ့မဆင်ချင် ။
မိသီတာလင့်စကားကို ၊
ထွေပြားလို့သူ့နားမဝင် ၊
ရွှေသမင်မာရဇ္ဇအပေါ် ၊
အတုပလို့မမြင် ။
ရာမကရွှေသမင်လိုက်စဉ် ၊
လူမိုက်ဒဿသီတာခိုးလို့ ၊
တဟုန်ထိုးစစ်ရေးကိုပြင် ၊
အားအင်နဲ့နွှဲ ။
ရန်လို၍ရန်တွေပွါးပို ၊
သိင်္ဂိုပြည်မီးဟုန်းဟုန်းနဲ့ ၊
ပျက်ပြုန်းပေါ့ဒဿအမျိုးတို့ ၊
အကျိုးမဲ့စစ်ပွဲ ။
မာရဇ္ဇ = ရွှေသမင်ယောင်ဆောင်သော ဒဿဂီရိ နှင့် ညီမတော်
သုပန္နကတို့၏ ဦးရီးတော် ။
သိင်္ဂိုပြည် = လင်္ကာဒီပ ။
အောင်နိုင်သူ ( 14 / 9 / 2016 )
သုပန္နကအချစ်ကြမ်းလေတော့ ၊
ဇာတ်လမ်းကအခြေဆိုးဖို့ ၊
ရှေ့တိုးခဲ့မဆင်ချင် ။
မိသီတာလင့်စကားကို ၊
ထွေပြားလို့သူ့နားမဝင် ၊
ရွှေသမင်မာရဇ္ဇအပေါ် ၊
အတုပလို့မမြင် ။
ရာမကရွှေသမင်လိုက်စဉ် ၊
လူမိုက်ဒဿသီတာခိုးလို့ ၊
တဟုန်ထိုးစစ်ရေးကိုပြင် ၊
အားအင်နဲ့နွှဲ ။
ရန်လို၍ရန်တွေပွါးပို ၊
သိင်္ဂိုပြည်မီးဟုန်းဟုန်းနဲ့ ၊
ပျက်ပြုန်းပေါ့ဒဿအမျိုးတို့ ၊
အကျိုးမဲ့စစ်ပွဲ ။
မာရဇ္ဇ = ရွှေသမင်ယောင်ဆောင်သော ဒဿဂီရိ နှင့် ညီမတော်
သုပန္နကတို့၏ ဦးရီးတော် ။
သိင်္ဂိုပြည် = လင်္ကာဒီပ ။
အောင်နိုင်သူ ( 14 / 9 / 2016 )
ငြိမ်းချမ်းစေသား - ခွန်းတောက် ( ၁ )
@ငြိမ်းချမ်းစေသား
*****************
ပေါင်းဆွေသဟာ ၊
ကောင်းစေရာမေတ္တာပို့ပါ့မယ် ။
ပဒုမ္မာရွှေကြာပန်းကဲ့သို့ ၊
နှစ်ဖြာကိုယ်စိတ်လန်းကာကွယ် ၊
ချမ်းမြေ့ဖို့ရယ် ။
တိုင်းဋ္ဌာနေမြန်ပြေစခန်းမှာလ ၊
မေတ္တာလွှမ်းလို့ငြိမ်းစေတကယ် ၊
ပေါကြွယ်ဖို့ဓနအင်အား ။
သုံးဖြာကပ်ရယ်ဝေးပါလို့ ၊
ဘေးဘယာတွေကင်းကာမသန်း ၊
( အလိုဗျာ )
ငြိမ်းချမ်းစေသား ။
အောင်နိုင်သူ ( 14 / 9 / 2016 )
*****************
ပေါင်းဆွေသဟာ ၊
ကောင်းစေရာမေတ္တာပို့ပါ့မယ် ။
ပဒုမ္မာရွှေကြာပန်းကဲ့သို့ ၊
နှစ်ဖြာကိုယ်စိတ်လန်းကာကွယ် ၊
ချမ်းမြေ့ဖို့ရယ် ။
တိုင်းဋ္ဌာနေမြန်ပြေစခန်းမှာလ ၊
မေတ္တာလွှမ်းလို့ငြိမ်းစေတကယ် ၊
ပေါကြွယ်ဖို့ဓနအင်အား ။
သုံးဖြာကပ်ရယ်ဝေးပါလို့ ၊
ဘေးဘယာတွေကင်းကာမသန်း ၊
( အလိုဗျာ )
ငြိမ်းချမ်းစေသား ။
အောင်နိုင်သူ ( 14 / 9 / 2016 )
ငြိမ်းချမ်းစေသား - ခွန်းတောက် ( ၁ )
ပေါင်းဆွေသဟာ ၊
ကောင်းစေရာမေတ္တာပို့ပါ့မယ် ။
ပဒုမ္မာရွှေကြာပန်းကဲ့သို့ ၊
နှစ်ဖြာကိုယ်စိတ်လန်းကာကွယ် ၊
ချမ်းမြေ့ဖို့ရယ် ။
တိုင်းဋ္ဌာနေမြန်ပြေစခန်းမှာလ ၊
မေတ္တာလွှမ်းလို့ငြိမ်းစေတကယ် ၊
ပေါကြွယ်ဖို့ဓနအင်အား ။
သုံးဖြာကပ်ရယ်ဝေးပါလို့ ၊
ဘေးဘယာတွေကင်းကာမသန်း ၊
( အလိုဗျာ )
ငြိမ်းချမ်းစေသား ။
အောင်နိုင်သူ ( 14 / 9 / 2016 )
ကောင်းစေရာမေတ္တာပို့ပါ့မယ် ။
ပဒုမ္မာရွှေကြာပန်းကဲ့သို့ ၊
နှစ်ဖြာကိုယ်စိတ်လန်းကာကွယ် ၊
ချမ်းမြေ့ဖို့ရယ် ။
တိုင်းဋ္ဌာနေမြန်ပြေစခန်းမှာလ ၊
မေတ္တာလွှမ်းလို့ငြိမ်းစေတကယ် ၊
ပေါကြွယ်ဖို့ဓနအင်အား ။
သုံးဖြာကပ်ရယ်ဝေးပါလို့ ၊
ဘေးဘယာတွေကင်းကာမသန်း ၊
( အလိုဗျာ )
ငြိမ်းချမ်းစေသား ။
အောင်နိုင်သူ ( 14 / 9 / 2016 )
ပန်းဆိတ်ဖလူး - အချိုးကဗျာ (၂၀ )
@ပန်းဆိတ်ဖလူး
****************
အဆင်းလှ ၊
ပြင်းပြတဲ့အမွှေးနံ့သာမို့ ၊
လူတကာမဆင်မြန်းတဲ့ ၊
ပန်းဆိတ်ဖလူး ။
အဆန်းမကျယ် ၊
ပန်းစံပယ်နဲ့မယှဉ်သာ၍ ၊
လူတကာမကြိုက်လေတော့ ၊
နန်းမထိုက်ရှာဘူး ။
အောင်နိုင်သူ ( 13 / 9 / 2016 )
****************
အဆင်းလှ ၊
ပြင်းပြတဲ့အမွှေးနံ့သာမို့ ၊
လူတကာမဆင်မြန်းတဲ့ ၊
ပန်းဆိတ်ဖလူး ။
အဆန်းမကျယ် ၊
ပန်းစံပယ်နဲ့မယှဉ်သာ၍ ၊
လူတကာမကြိုက်လေတော့ ၊
နန်းမထိုက်ရှာဘူး ။
အောင်နိုင်သူ ( 13 / 9 / 2016 )
ပန်းဆိတ်ဖလူး - အချိုးကဗျာ (၂၀ )
အဆင်းလှ ၊
ပြင်းပြတဲ့အမွှေးနံ့သာမို့ ၊
လူတကာမဆင်မြန်းတဲ့ ၊
ပန်းဆိတ်ဖလူး ။
အဆန်းမကျယ် ၊
ပန်းစံပယ်နဲ့မယှဉ်သာ၍ ၊
လူတကာမကြိုက်လေတော့ ၊
နန်းမထိုက်ရှာဘူး ။
အောင်နိုင်သူ ( 13 / 9 / 2016 )
Monday, September 12, 2016
Post - လမ်းညွှန်
Current page ( လက်ရှိစာမျက်နှာ ) ၏အောက်ဆုံးရှိ Older post ကို Click ၍ (အရင်တင်ထားသောကဗျာများ ) ကိုဖတ်ရှုနိုင်ပါသည် ။ ( သို့မဟုတ် ) Current
page ၏ ယာဘက်ရှိ Blog Archive အောက်မှဖတ်လိုသောကဗျာခေါင်းစဉ်ကို
Click ၍လည်းရွေးချယ်ဖတ်ရှုနိုင်ပါသည် ။ ဝင်ရောက်ဖတ်ရှုသည့်အတွက်ကျေးဇူး
အထူးတင်ရှိပါသည် ။
[ အောင်နိုင်သူ ]
page ၏ ယာဘက်ရှိ Blog Archive အောက်မှဖတ်လိုသောကဗျာခေါင်းစဉ်ကို
Click ၍လည်းရွေးချယ်ဖတ်ရှုနိုင်ပါသည် ။ ဝင်ရောက်ဖတ်ရှုသည့်အတွက်ကျေးဇူး
အထူးတင်ရှိပါသည် ။
[ အောင်နိုင်သူ ]
သီးခြားအချစ်ဇုန် - လင်္ကာကဗျာ ( ၉ )
ကျွန်တော်သူ့ကို ၊ သနားပို၍ ၊
အလိုလိုက်ကာ ၊ အကြင်နာနှင့် ၊
တွယ်တာနှောင်တည်းမိပါသည် ။
သူ့အပေါ်မှာ ၊ ရိုးသားစွာပင် ၊
မေတ္တာတွေပေး ၊ ညီမလေးလို ၊
နွေးထွေးယုယမိပါသည် ။
သူအမျိုးမျိုး ၊ နွဲ့ဆိုးဆိုးလည်း ၊
မညှိုးစိတ်မှာ ၊ ခွင့်လွှတ်စွာနှင့် ၊
လိုရာဖြည့်ဆည်းမိပါသည် ။
ကျွန်တော့်ကိုမူ ၊ သူ့ချစ်သူဟု ၊
စွဲယူမှတ်ကာ ၊ ချစ်နေတာလည်း ၊
ရင်မှာကောင်းစွာသိပါသည် ။
သူနှင့်ကျွန်တော် ၊ ချစ်ကြသော်လည်း ၊
လွဲချော်ဆန့်ကျင် ၊ ချစ်မြေပြင်ချင်း ၊
အသွင်ကွဲပြား ၊ နှစ်ဦးကြား၌ ၊
သီးခြားချစ်ဇုံဖြစ်ပါသည် ။
သီးခြားချစ်ဇုံ ၊ ဇာတ်သိမ်းပုံကို ၊
လမ်းကြုံသောခါပြောပါမည် ။
အောင်နိုင်သူ ( -- / 5 / 2016 )
ကမ်းဧရာမှအလွမ်းဝေဒနာ - အချိုးကဗျာ ( ၁၃ )
ကမ်းဧရာရေဇလာဦးမှာလ ၊
လွမ်းဝေဒနာမဖြေသာဘူးရယ်လို့ ၊
နွေတစ်ရာကျူးသည်းကွဲဇာတ်ကို ၊
မောင်ထပ်မပြောချင် ။
မချစ်လျင်နှောင်ငင်မထားပါ ၊
အသစ်မြင်ရှောင်ကျဉ်သွားနိုင်ရဲ့ ၊
နောင်တွင်များကံမကုန်ရင်တောင် ၊
ပြန်မဆုံဘူးခင် ။
ချစ်တာကိုသိရဲ့သားနဲ့ ၊
အပြစ်ရှာလိုမချိရတက်ပွါးအောင် ၊
အသိခက်၍အဖြေမမြင် ၊
တမင်မင်းကစိမ်း ။
ချစ်ဝေဒနာအပူမိနှလုံးကိုဖြင့် ၊
မြစ်ဧရာသူအသိဆုံးရယ်မို့ ၊
အပြုံးမဲ့ကျွမ်းကျေမဖြေသာ ၊
ကမ်းခြေမှာထိုင်ကာငေးမော ၊
သောကဖြေငြှိမ်း ။
အောင်နိုင်သူ ( 25 / 8 / 2016 )
ဆိုးရွားတဲ့အချစ်ဇုံ - လင်္ကာကဗျာ ( ၈ )
ရွှေမြရံစီ ၊ နန်းတော်ဆီက ၊
ဒေဝီသူဇာ ၊ လှကညာကို ၊
မောင့်မှာချစ်မိ ၊ အပြစ်ရှိ၍ ၊
အသိနှင့်ယှဉ် ၊ ဟောသည်ရင်မှ ၊
ချစ်ကြင်ခံစား ၊ နှလုံသား၏ ၊
တံခါးကိုသာ ၊ ပိတ်လိုက်ပါသည် ၊
မောင့်ဋ္ဌာနေကား ၊ ဒုက္ခများမည့် ၊
ဆိုးရွားလေသောအချစ်ဇုန် ။
သင့်မျက်ဝန်းမှာ ၊ ကရုဏာနှင့် ၊
တွယ်တာခင်မင် ၊ သံယောဇဉ်ကို ၊
သွင်ပြင်ထင်ရှား ၊ မြင်ပါငြားလည်း ၊
သင်ကားနန်းထိုက် ၊ ပန်းမကိုဋ်မို့ ၊
မိုက်မိုက်မဲမဲ ၊ ညမှောင်ထဲသို့ ၊
ချစ်ဇွဲနှောင်ငင် ၊ မလာချင်နှင့် ၊
မောင့်ရင်ခွင်ကား ၊ သောကများမည့် ၊
ဆိုးရွားလေသောအချစ်ဇုန် ။
အောင်နိုင်သူ ( -- / 5 / 2016 )
ယောင်္ကျားဘသား - အချိုးတွဲ ( ၅ )
လွှဲမသာဟောသည်ခရီးလမ်း ၊
မငြီးတမ်းပဲလှော် ။
ခရီးကြမ်းမှာဒီရေလှိုင်းနဲ့
မုန်တိုင်းကိုကျော် ။
ကမ်းမမြင်ပင်လယ်မှာပျော် ၊
လူမော်မို့လား ။
အန္တရာယ်ကိုဘယ်မကြောက်တဲ့ ၊
ယောင်္ကျားဘသား ။
မာကျောတဲ့ဟောသည်လယ် ၊
ထယ်ထိုးလို့ချေ ။
မွကျေအောင်နွားဖက်ရုန်းကာ ၊
ထွန်ထုံးနဲ့မွှေ ။
စပါးစိုက်မကွဲ့တို့ယာမြေ ၊
ဝေစေမြစပါး ။
မိုးနဲ့နွေစိုးမကြောက်တဲ့ ၊
ယောင်္ကျားဘသား ။
ကျောက်စရစ်နဲ့သဲတွေကိုထမ်း ၊
ပန်းတယ်လို့မထင် ။
ပန်းရံဆိုလည်းတကုပ်ကုပ်နဲ့ ၊
လုပ်မြဲမငြိုငြင် ။
အသိုက်မြုံတွက်သူ့အားအင် ၊
မြဲအစဉ်ပြင်ထား ။
လောကဓံကိုဒူးမထောက်တဲ့ ၊
ယောက်င်္ကျားဘသား ။
အောင်နိုင်သူ ( 12 / 9 / 2016 )
Sunday, September 11, 2016
သီတင်းကျွတ်ပြီညီမလေး - ကလေးကဗျာ ( ၃ )
မိုးကောင်းကင်ဝယ် ငွေကြယ်လေးရယ် ၊
ဖြူဖြူဖွေးကာ လင်းလက်တယ် ။
လမင်းသော်တာ ဝင်းဝါလို့ကွယ် ၊
ဝိုင်းကာဝန်းပေါ့ ညီမလေးရယ် ။
သီတင်းကျွတ်ချိန် ထိန်ထိန်ငြီးဖွယ် ၊
ရောင်စုံမီးတွေ ထွန်းစို့ဟယ် ။
တို့အဖိုးအဖေအမေ အဖွါးကိုလည်းကွယ် ၊
သွားကာကန်တော့စို့ ညီမလေးရယ် ။
သွားမယ်…..သွားမယ်……။
အောင်နိုင်သူ ( 12 / 9 / 2016 )
ဒီရေချောင်း၏သံသရာ - အချိုးတွဲ ( ၄ )
ဘုတ်ငှက်အီဒီရေအတက်မှာ ၊
မိုးပက်လို့ရွာ ။
အာကာပြင်ရှစ်ခွင်တိုင်းက ၊
အုံ့မှိုင်းကျလာ ။
ဖေါင်စီးကဏန်းပေါင်းသဟာ ၊
ရေလွှာမှာကူး ။
ချောင်းကမ်းတလျှောက်မှာတော့ ။
ဗျိုင်းအောက်ကမြူး ။
တက်ရေစီးတဲ့လှေအပေါင်းက ၊
စက်မောင်းသံညံ ။
ကိုတံငါတွေအားသွန်လို့ ၊
ကွန်ပစ်ကြအဖန်ဖန်။
ချောင်းထဲမှာတက်ရေလျှံ ၊
ချိန်တန်တော့ပြန်ဆင်း ။
ရေစစ်လို့အခြေနေပြောင်းတော့ ၊
ကောင်းကင်ကလင်း ။
ကျရေမှာတက်ရေပေါင်းသော် ၊
ချောင်းရေကသေ ။
လတာပြင်ပင်အစုစုက ၊
လမုသီးကြွေ ။
ကဏန်းနဲ့ငါးပျံတထွေ ၊
ကမ်းခြေကိုပြေး ။
ဒီရေတက်နောက်မိုးတသုတ်မှာ ၊
ဘုတ်အီပြန်သေး ။
အောင်နိုင်သူ ( 11 / 9 / 2016 )
Friday, September 9, 2016
နှလုံးသားကိုအလှဆင် - အချိုးတွဲ ( ၃ )
အလှတရားကိုရှာဖွေ ။
နေရာတကာစိတ်အလိုလိုက် ၊
အလှကြိုက်သူတွေ ။
လူတို့ဘဝရှုပ်လို့ပွေ ၊
ရှာလေလေအလှကရှား ။
ထင်သမျှအဆင်မချောကြတော့ ၊
လူ့လောကမာယာကြောမှာ ၊
ဇောဗျာပါများ ။
ဗဟိဒ္ဓအလှမရှည်ကြာ ။
သေချာသည်အချိန်နှောင်းလျင်ဖြင့် ၊
ပြောင်းလဲဓမ္မတာ ။
တွေးကြည့်လို့ဆင်ချင်စရာ ၊
သင်္ခါရတရား ။
အဇ္ဈတ္တကိုပြုပြင် ၊
မြဲအစဉ်အလှတင့်ရန် ၊
သင့်နှလုံးသားသင့်ရင်ခွင်အား ၊
အလှဆင်လို့ထား ။
ဗဟိဒ္ဓ = ပြင်ပန်းသဏ္ဌာန် ။ အဇ္ဈတ္တ = အတွင်းသဏ္ဌာန် ။
အောင်နိုင်သူ ( 10 / 9 / 2016 )
@ချစ်နေလျက်ပဲ - အချိုးတွဲ ( ၂ )
@.ချစ်နေလျက်ပဲ
*****************
အချစ်ဦးပေါ့မနှင်းဆီ ။
မချစ်ဖူးအချစ်ထူးလို့ ၊
ရူးခဲ့ပါသည် ။
မင်းစကားကမတည်ကြည် ၊
မင်းပလီရှောင်လွှဲ ။
မောင့်ဘဝလည်းမတင့်တယ် ၊
အချစ်နယ်မှာအတွေ့ကြုံနည်းတော့ ၊
မောင့်အသည်းကျေကွဲ ။
အချစ်မူးတယ်မနှင်းဆီ ။
အဖြစ်မထူးပြီဒီအလွမ်းဇာတ် ၊
ရှင်ခန်းပြတ်သည် ။
အလှမ်းမမီအဝေးဋ္ဌာနီ ၊
ပန်းနှင်းဆီရှောင်ပုန်း ။
ပွဲဦးထွက်ချစ်ဒုက္ခအလယ် ၊
မောင့်ဘဝရယ်ချစ်လူမိုက်ပါ ၊
မင်းကြိုက်သလောက်မုန်း ။
တစ်သက်လုံးပဲလွမ်းနေမည် ။
မပျက်သုဉ်းသောမေတ္တာများနဲ့ ၊
ချစ်ပါရသည် ။
ရက်စက်ပေါ့မနှင်းဆီ ၊
မင်းရီတဲ့အောင်ပွဲ ။
မောင်ကတော့အပြုံးတွေကွယ်၍ ၊
ရုန်းမလွယ်အမုန်းနွံနစ်လည်း ၊
ချစ်နေလျက်ပဲ ။
( ရီ = ရယ် )
အောင်နိုင်သူ ( 10 / 9 / 2016 )
*****************
အချစ်ဦးပေါ့မနှင်းဆီ ။
မချစ်ဖူးအချစ်ထူးလို့ ၊
ရူးခဲ့ပါသည် ။
မင်းစကားကမတည်ကြည် ၊
မင်းပလီရှောင်လွှဲ ။
မောင့်ဘဝလည်းမတင့်တယ် ၊
အချစ်နယ်မှာအတွေ့ကြုံနည်းတော့ ၊
မောင့်အသည်းကျေကွဲ ။
အချစ်မူးတယ်မနှင်းဆီ ။
အဖြစ်မထူးပြီဒီအလွမ်းဇာတ် ၊
ရှင်ခန်းပြတ်သည် ။
အလှမ်းမမီအဝေးဋ္ဌာနီ ၊
ပန်းနှင်းဆီရှောင်ပုန်း ။
ပွဲဦးထွက်ချစ်ဒုက္ခအလယ် ၊
မောင့်ဘဝရယ်ချစ်လူမိုက်ပါ ၊
မင်းကြိုက်သလောက်မုန်း ။
တစ်သက်လုံးပဲလွမ်းနေမည် ။
မပျက်သုဉ်းသောမေတ္တာများနဲ့ ၊
ချစ်ပါရသည် ။
ရက်စက်ပေါ့မနှင်းဆီ ၊
မင်းရီတဲ့အောင်ပွဲ ။
မောင်ကတော့အပြုံးတွေကွယ်၍ ၊
ရုန်းမလွယ်အမုန်းနွံနစ်လည်း ၊
ချစ်နေလျက်ပဲ ။
( ရီ = ရယ် )
အောင်နိုင်သူ ( 10 / 9 / 2016 )
ပျံပါလေရွှေဟင်္သာ - အချိုးကဗျာ ( ၁၉ )
ချစ်လျက်ပါ ၊
ပစ်ထွက်ခွါရုန်းသွားပေမဲ့ ၊
နှလုံးသားကအမှန်ချစ်နေလို့ ၊
ကျန်ရစ်သူမမုန်း ။
အပြစ်မဖွဲ့ပေ ၊
သစ်ရွက်ကြွေသည်နွေခင်းမှာတော့ ၊
ရွှေဟင်္သာမနားသင့်ပြီမို့ ၊
ပျံနှင့်ပေအုံး ။
အောင်နိုင်သူ ( 9 / 9 / 2016 )
ဥယဉ်မှူး၏သောက - အချိုးကဗျာ ( ၁၈ )
ပန်းစံပယ် ၊
နွမ်းနယ်လို့မိုးကိုမျှော်ပေမဲ့ ၊
ညှိုးရော်ကာအခြေပျက်တော့ ၊
ကြွေရက်ကယ်စော ။
အချစ်ကိုဖယ် ၊
တင့်တယ်စေဖေးကူလာသမျှ ၊
ဆွေးပူကာအနေခက်၍ ၊
မချွေရက်သူမော ။
အောင်နိုင်သူ ( 9 / 9 /2016 )
Thursday, September 8, 2016
လွမ်းလွန်လူသား - လင်္ကာကဗျာ ( ၇ )
လွမ်းတဲ့အကြောင်း ၊
လွမ်းပုံဟောင်းကို ၊
လွမ်းပေါင်းများစွာ ၊
လွမ်းဗျာပါနှင့် ၊
လွမ်းစာဖွဲ့နွဲ့ ၊
လွမ်းနယ်ချဲ့ရင်း ၊
လွမ်းခဲ့ရက်များ ၊
လွမ်းတေးသွားဖြစ် ၊
လွမ်းဖျားလွမ်းနာ ၊
လွမ်းသူမှာကား ၊
လွမ်းကာကျွမ်းကာ ၊
လွမ်းကမ္ဘာ၌ ၊
လွမ်းတာရှည်၍ ၊
လွမ်းချင်းမွေ့သည် ၊
လွမ်းငွေ့ဝေလည်း ၊
လွမ်းနေဆဲပါ ၊
လွမ်းမြဲလွမ်းနွံ ၊
လွမ်းသည်းကျွံပြီး ၊
လွမ်းလွန်လူသားဖြစ်နေသည် ။
အောင်နိုင်သူ ( - / 10 / 2015 )
အောင်မြင်ခြင်းအတွက် - လင်္ကာကဗျာ ( ၆ )
ခွဲခြမ်းစိပ်ဖြာ ၊ သွေးသောခါဝယ် ၊
အနာလည်းခံ ၊ ရည်သွေးမှန်မှ ၊
ဧကန်ကျောက်ကောင်းဖြစ်လာမည် ။
ရွှံ့ကိုခြေနင်း ၊ ထုရိုက်ခြင်းနှင့် ၊
ပုံသွင်းလည်းမှန် ၊ မီးဖုတ်ခံမှ ၊
ဧကန်အိုးကောင်းဖြစ်လာမည် ။
ပညာလိုလား ၊ သဖုန်းစားသို့ ၊
မာန်အားလျှော့ကာ ၊ ရို့ကျိုးစွာဖြင့် ၊
နိဝါတောစ ၊ ကိုယ်နှိမ့်ချ၍ ၊
ဆုံးမနာလွယ် ၊ အသိကြွယ်မှ ၊
နယ်ပယ်တိုင်းမှာ ၊ ဉာဏ်ပညာတိုး ၊
သဘာရင့်ကျက် ၊ လူထက်မြက်ကာ ၊
ဘဝဂ်ထိတိုင်အောင်လိမ့်မည် ။
အောင်နိုင်သူ ( 31 / 8 / 2016 )
အမေ့သားမောင်အိပ်ငိုက်ပြီ - အချိုးကဗျာ ( ၁၇ )
လူလေးတို့အိမ်ထုပ်မိုးမှာ ၊
စုပ်ထိုးတဲ့ကိုအိမ်မြှောင် ၊
အမြီးလေးကိုထောင် ။
ရွှေဝါကြောင် ၊
ညောင်ညောင်လို့အော်သံပေး ။
အိမ်ရှေ့မှာလျှောက်ပြေးနေတဲ့ ၊
ခွေးလေးလည်းတဟောင်ဟောင်နဲ့ ၊
အမေ့သားမောင်အိပ်ငိုက်ပြီကွဲ့ ၊
တိတ်လိုက်တော့လေး ။
အောင်နိုင်သူ ( 8 / 9 / 2016 )
နှမလက်လျှော့စေချင်သည် - လင်္ကာကဗျာ ( ၅ )
ကြင်နာမျက်ဝန်း ၊ ချစ်ရည်ရွှန်းလဲ့ ၊
ရည်ညွှန်းအဓိပ္ပါယ်သိပါသည် ။
မင်းနှလုံးသား ၊ မင်းနှုတ်ဖျားက ၊
စကားလိုရင်းသိပါသည် ။
မင်းအကြင်နာ ၊ မင်းမေတ္တာကို ၊
သေချာမလွဲသိပါသည် ။
မိုးနတ်သူဇာ ၊ မောင့်သက်လျာကား ၊
လိုရာပြည့်စုံ ၊ ဓနဂုဏ်ကြွယ် ၊
ရွှေဘုံစံမြန်း ၊ နန်းထိုက်ပန်းမို့ ၊
အလှမ်းဝေးကွာ ၊ မချူသာပြီ ၊
တော်ရာရှောင်ပြေး ၊ မောင်သာဆွေးမည် ၊
ကံကြွေးမလှ ၊ သည်ဘဝတော့ ၊
နှမလက်လျှော့စေချင်သည် ။
အောင်နိုင်သူ ( 24 / 7 / 2016 )
ဋ္ဌာနေအလွမ်း - လင်္ကာကဗျာ ( ၄ )
တို့များဋ္ဌာနေ ၊ လယ်ယာမြေတွင် ၊
စိုပြေစိမ်းလန်း ၊ မြရောင်လွှမ်း၍ ၊
တင့်ဆန်းသာယာနေတော့မည် ။
သစ်တောဝေဖြိုး ၊ တောင်တရိုးမှာ ၊
မြူခိုးတွေလွင် ၊ ဝဠာပြင်လည်း ၊
တိမ်ဆင်အုံ့မှိုင်းနေတော့မည် ။
ဗုဒ္ဓဘာသာ ၊ ကိုးကွယ်ရာမို့ ၊
တို့ရွာဘုရား ၊ လူစည်ကား၍ ၊
လှုပ်ရှားသက်ဝင်နေတော့မည် ။
ရာသီဘာဝ ၊ နွေမာသမှ ၊
မိုးလသို့ပြောင်း ၊ စာသင်ကျောင်းလည်း ၊
ခေါင်းလောင်းသံသာမြည်တော့မည် ။
ဖြူနီညိုပြာ ၊ ပန်းရွှေကြာတို့ ၊
သာယာကန်တွင်း ၊ တသင်းသင်းနှင့် ၊
လေညှင်းဆောင်တိုင်းမွှေးတော့မည် ။
မိဘမောင်ဘွား ၊ ခင်သူများနှင့် ၊
သက်ထားကြည်ဖြူ ၊ မောင့်ချစ်သူအား ၊
တွေးပူလွမ်းဆွေး ၊ ရင်မအေး၍ ၊
အပြေးပြန်လာခဲ့တော့မည် ။
အောင်နိုင်သူ ( 8 / 9 / 2016 )
Wednesday, September 7, 2016
ထူးတဲ့မြိုင်တော - အချိုးကဗျာ ( ၁၆ )
ပန်းမာလ်စုံဂနိုင်တွင်းမှာလ ၊
လည်ချင်းယှက်ဒေါင်းမောင်နှံတို့ ၊
တွန်သံချိုတူယှဉ်တွဲတယ် ၊
နွှဲ ကလို့နော် ။
စမ်းရေလျင်စီးသွင်သွင်မှာ ၊
သားသမင်ရေသောက်ဆင်းလို့ ၊
ပုစဉ်းတွေကတမူမြူးတယ် ၊
စူးနစ်အောင်အော် ။
ကျေးငှက်တွေတေးသီရှာ ၊
ပန်းနီပြာလေယူတိမ်းလေတော့ ၊
ယိမ်းကလို့မြင်ရသူပျော် ၊
နန်းမဟော် ရဝေကျော ။
စမ်းထိပ်မှာရေကန်သာ ၊
စိမ်းရောင်ဖြာရေကကြည်လို့ ၊
ဖြူနီညိုကြာအပွင့်အဖူးရယ်နဲ့ ၊
ထူးတဲ့မြိုင်တော ။
အောင်နိုင်သူ ( 14 / 7 / 2016 )
မေတ္တာတိုး၍သစ္စာတိုးမည် - အချိုးကဗျာ ( ၁၅ )
အပြစ်မမြင်တယ် ၊
ချစ်ခင်ဖွယ်မင်းအပြုံးများက ၊
နှလုံးသားထဲနစ်ကာသာ ၊
မေတ္တာတွေတိုး ။
အမှန်ပြောလျင် ၊
သံယောဇဉ်နှောင်တွယ်ရစ်တော့ ၊
နှစ်တစ်ရာတိုင်ပစ်မခွါလို ၊
သစ္စာကိုပျိုး ။
အောင်နိုင်သူ ( 8 / 9 / 2016 )
Tuesday, September 6, 2016
တိမ်ပလီ..သည်နွေနှောင်း - လင်္ကာကဗျာ ( ၃ )
နွေနှောင်းပူစွ ၊ ချွေးပေါက်ကျ၍ ၊
နေရခက်သော် ၊ တောင်သို့မျှော်ကာ ၊
တိမ်ပေါ်လေလျှင် ၊ စိတ်ပျော်ရွှင်သည် ၊
မိုးပင်ရွာတော့လေမည်လော ။
တိမ်မဲညိုညို ၊ ပြိုမလိုနှင့် ၊
မူပိုလှည့်စား ၊လယ်သမားလည်း ၊
ထွန်သွားထယ်ပြင် ၊ စိတ်ကြည်လင်သည် ၊
မိုးပင်ရွာတော့လေမည်လော ။
ဟန်ရေးပြပြ ၊ လယ်သူမတို့ ၊
လှုပ်ရွဟစ်အော် ၊ တေးသံကြော်ရင်း ၊
ငယ်ဖေါ်ခေါ်ငင် ၊ လုပ်ငန်းပြင်သည် ၊
မိုးပင်ရွာတော့လေမည်လော ။
နွားကျောင်းသားလည်း ၊ မိုးမှောင်မည်းခိုက် ၊
နွားဆွဲအော်ငေါက် ၊ ရွာဝင်ပေါက်သို့ ၊
အောင့်ဆောက်ပြေးဝင် ၊ သုတ်ခြေတင်သည် ၊
မိုးပင်ရွာတော့လေမည်လော ။
နွေနှောင်းရာသီ ၊ လိမ်ပလီ၍ ၊
မပီဂိန်မှန် ၊ မိုးဝဿန်လား ၊
ဧကန်ဝေခွဲ ၊ရနိုင်ခဲကာ ၊
သူလည်းမိုးမျှော် ၊ ငါမိုးခေါ်နှင့် ၊
ဖါးအော်လေလျင် ၊ ပျော်လိုက်ချင်သည် ၊
မိုးပင်ရွာတော့လေမည်လော ။
အောင်နိုင်သူ ( 1 / 5 / 2016 )
တံငါရွာ - အချိုးကဗျာ ( ၁၄ )
ကျွန်းညိုညိုတောင်ခြေရင်းမှာလ ၊
သောင်ငွေအဆင်းသဲလွှာပြင်မယ် ၊
တဲတစ်ဒါဇင်ကျော်တန်းပါတဲ့ ၊
စခန်းတံငါရွာ ။
ကမ်းသောင်ခြေရေခင်းဆီမတော့ ၊
လှေအစင်းစင်းတိုင်မှာချည်လို့ ၊
မှိုင်းပြာရီပင်လယ်ရိုင်းထံမှ ၊
လှိုင်းတွေကလာ ။
ဆင်းပျံတက်ငှက်ဇင်ယော်တွေ ၊
ရွှင်ပျော်ကာလေမှာဝဲပါလို့ ၊
ရေဇလာထဲကငါးကိုရှာ ၊
သဘာဝရှုခင်း ။
ငါးဖမ်းရန်ချိန်ခါရောက်လေတော့ ၊
ခလောက်ဆန်တဲ့လှေငယ်တွေပေါ် ၊
တံငါဖေါ်လူတစ်သိုက်ကယ် ၊
ပိုက်ထမ်းလို့ဆင်း ။
အောင်နိုင်သူ ( 21 / 8 / 2016 )
မိုးအခါတို့လယ်ယာ - အချိုးတွဲ ( ၁ )
မိုးတိမ်တွေဟိုတောင်ရိုးမှာ ၊
ထိုးတက်ကာမဲမှောင်ရီ ။
ဦးမာဃစည်တော်ကြီးက ၊
ဟီးပါလို့မြည် ။
လျှပ်စီးကနတ်ပန်းချီ ၊
အလီလီဆင့်ကဲ ။
အမ္ဗုန်ရှင်မာန်ဟုန်ပြိုးတယ် ၊
မိုးတွေကသည်း ။
ကွင်းထဲမတော့ရေတွေတိုးလို့ ၊
ရိုးတလျှောက်ပြည့်ဖြိုးလျှံ ။
လယ်ကွင်းစပ်မြက်ပင်ကိုင်း ၊
ဗျိုင်းတွေကပျံ ။
ကောက်စိုက်သမချိုတေးသံ ၊
တညံညံရင်မှာလှိုက် ။
ရေများလို့စူးနဲ့ထိုးကာ ၊
ပျိုးကောက်ပင်စိုက် ။
ကလေးတသိုက်ရွှံတွေပေလို့ ၊
လှေကလေးကိုလှော် ။
လှော်တစ်ခါကမ်းကိုဆိုက်နဲ့ ၊
ကဏန်းနှိုက်လို့ပျော် ။
ဖါးတွေကတအော်အော် ၊
မိုးခေါ်နေသေး ။
မြင်ရသူဘဝင်လန်းပေမဲ့ ၊
ချမ်းခိုက်ခိုက်အေး ။
အောင်နိုင်သူ ( 7 / 9 / 2016 )
ထိခြင်းငါးပါးရှိခိုးခြင်း - သံပေါက် ( ၁ )
လက်အုပ်အစုံ ၊
ပန်းကြာငုံ ၊
ထိဆုံနဖူးသာ ။
ရှိခိုးသောခါ ၊
ကြမ်းပေါ်မှာ ၊
နှစ်ဖြာဒူးချပါ ။
တတောင်နှစ်ဖက် ၊
ကြမ်းထိလျက် ၊
ဆက်လက်ဦးညွတ်ရာ ။
နဖူးကိုပါ ၊
ကြမ်းထိကာ ၊
မျက်လွှာချရင်းသာ ။
တတောင်နဲ့ဒူး ၊
ထိုလေးဦး ၊
နဖူးငါးမျိုးပါ ။
သုံးကြိမ်မယွင်း ၊
ရှိခိုးလျင်း ၊
ထိခြင်းငါးပါးသာ ။
အောင်နိုင်သူ ( 1 / 9 / 2016 )
ညမွှေးပန်းလေးမိတေလေ - အချိုးကဗျာ ( ၁၁ )
မောင်မပျော်ဘူး ၊
ဆောင်တော်ကူးညမွှေးပန်းရယ် ၊
ဘဝလေးနွမ်းဗျာများသူမို့ ၊
သနားလို့စာနာ ။
ညမဟူရာမှာ ၊
လှသူဇာအနေမတင့်တာမို့ ၊
ကြွေမလွင့်ခင်မောင့်ရင်ခွင်ကို ၊
မင်းဝင်ခဲ့ပါ ။
အချစ်မမက်တယ် ၊
ညဉ့်ငှက်ငယ်သစ္စာမစောင့်၍ ၊
မောင့်ကိုကွယ်သူလိမ်ညာ ၊
အတွယ်တာကကင်း ။
အမောဇာတ်ကို ၊
အတောမသတ်လိုဆက်လျှောက်လို့ ၊
အကြောက်တရားမဲ့ခေါင်းငိုက်စိုက်နဲ့ ၊
ဇွတ်မိုက်လေခြင်း ။
အောင်နိုင်သူ ( 22 / 8 / 2016 )
Subscribe to:
Posts (Atom)