Sunday, December 4, 2016

ကာရန်ကဗျာ - လင်္ကာကဗျာ ( ၂၆ )


“ကဝီဟိ ဗန္ဓိတဗ္ဗန္တိ ကဗျံ”
ပညာရှိများ ၊ ဖွဲ့ဆိုထားသော ၊
စကားလင်္ကာ ၊ အရာရာကို ၊
ကဗျာအမည်ခေါ်တွင်သည် ။

“ကဝီနံ ဣဒန္တိ ကဗျံ”
ပညာရှိများ ၊ ရေးသားထား၍ ၊
စကားလင်္ကာ ၊ ထိုကဗျာကား ၊
ဥစ္စာအဖိုးတန်ဖြစ်ပါသည် ။

ကာရန်ရသ ၊ အဓမ္မနှင့် ၊

ဖေါင်းပွစကား ၊ ရောထွေးများက ၊
အင်အားချိစွာ ၊ ထိုသည့်စာလည်း ၊
ကဗျာမပီဖြစ်တတ်သည် ။

မြန်မာသဒ္ဒါ ၊ အလင်္ကာနှင့် ၊
မှတ်ရာမှတ်ဖွယ် ၊ အသွယ်သွယ်ကို ၊
ရင်ဝယ်သိုထား ၊ ရေးဖွဲ့ငြားမှ ၊
အင်အားထပ်လောင်း ၊ စုကာပေါင်းသည့် ၊
စာကောင်းကဗျာဖြစ်ပါမည် ။

အောင်နိုင်သူ ( 26 / 7 / 2016 )

No comments:

Post a Comment